ဂွမြို့မှ ဒေသခံ ၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ဖမ်းဆီးသတ်ဖြတ်

ဂွမြို့မှ ဒေသခံ ၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်များ ဖမ်းဆီးသတ်ဖြတ်

ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က ဖမ်းဆီး သွားပြီးနောက် သတ်ဖြတ်လိုက်ပြီဟု သတင်းထွက်ပေါ်နေသဖြင့် စိုးရိမ်နေကြသည်ဟု မိသားစုများနှင့် ဒေသခံများက ပြောကြားသည်။

၎င်းတို့ ၃ ဦးမှာ ကိုဇင်မောင်မောင်(အဖဦးတင်စိန်)၊ကိုဖိုးလင်းနှင့် ကိုစိုးသူတို့ဖြစ်ကြသည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင် ၎င်းတို့ သုံးဦးကို AA သံသယဖြင့် ဂွမြို့မရပ်ကွက် နေအိမ်မှ စစ်ဆေးမေးမြန်းရန်ဟု ဆိုကာ ခေါ်ယူသွားခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ ပြည်သူစစ်အဖွဲ့ကို ဦးဆောင်နေတဲ့ ဂွမြို့ခံ ဦးဇော်နိုင် (စိန်ပန်းမြိုင်လမ်းနေသူ)၊ ကိုထွန်းထွန်း (မြို့မရပ်ကွက်နေသူ)နဲ့ သော်တာကြီး(မြို့သစ်ရပ်ကွက်နေသူ)တို့က စစ်တပ်၊ ရဲပူးပေါင်းတပ်ဖွဲ့တွေနဲ့ အတူ လာပြီး ဒီလ ၂၂ ရက်နေ့က  ဖမ်းယူသွားခဲ့ပါတယ်။ သူတို့ကို သတင်းကြားရတာက သတ်လိုက်ပြီလို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

သူတို့အား ဖမ်းးသွားပြီးနောက် တစ်ရက်အကြာတွင် သေသွားပြီးဟု ရပ်ကွက်နေသူတို့မှ တစ်ဆင့် ကြားသိခဲ့ရပြီး အလောင်းကို တွေ့ခွင့်မရသေးဟု မိသားစုဝင်တစ်ဦးလည်း နိရဉ္စရာကို ပြောဆိုသည်။

၎င်းဒေသခံက  "သူ့တို့ကအောက်တိုဘာ ၂၂ရက်နေ့ကဖမ်းသွားပြီး တစ်ရက်လုံး အဆက်သွယ် ပြတ်သွားတယ်။ ရဲစခန်းကို ခေါ်ယူသွားတယ်။ နောက်နေ့မနက်ကျတော့ သေပြီလို့ကြားတယ်။ တော်တော့်ကို ရက်စက်တဲ့လူတွေပါ။ အဓိကတစ်ရပ်ကွက်တည်းနေသူတွေက စစ်ကောင်စီအားကိုးနဲ့ ပိုဆိုးတယ်။ မိသားစုအတွက် ရင်နာမိတယ် ။သူ့တို့ကိုအားကိုးနေတဲ့  မိသားစုတွေက  ပိုလို့ ခံစားရတာပေါ့"ဟု သူကပြောဆိုပါတယ်။

၎င်းတို့ ၃ ဦးအား နေအိမ်များ ဖောက်ထွင်းမှုဖြင့် စွပ်စွဲဖမ်းဆီးပြီး စစ်ဆေးစဉ် လက်လွန်သွားကာ သေဆုံးသွားသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်

ဟု ဆိုသည်။

ဂွမြို့၊ မြို့မ ရပ်ကွက်မှ ကိုဇင်မောင်မောင်၊ကိုဖိုးလင်းနှင့် ကိုစိုးသူတို့အား ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဂွမြို့ရဲစခန်းကို ဆက်သွယ်မေးမြန်း ၍ မရသဖြင့်   နိရဉ္စရာသတင်းဌာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်ကောင်စီတပ်သည် ရခိုင်အရပ်သားပြည်သူ အများအပြားအား အာရက္ခတပ်တော် ( AA) ဆက်စပ်သံသယဖြင့် ဖမ်းဆီးပြီး သတ်ဖြတ်ပစ်ခဲ့သည့် ရာဇဝတ်ပြစ်မှုများမှာ ယခင်ကလည်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...