ကရင်နီမြို့ပေါ်ရပ်ကွက် သန်းခေါင်စာရင်း တိကျဖွယ်မရှိ

ကရင်နီမြို့ပေါ်ရပ်ကွက် သန်းခေါင်စာရင်း တိကျဖွယ်မရှိ

စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ လုပ်နေသော်လည်း လက်ရှိ အခြေအနေများအရ တိကျမှန်ကန်သည့် လူဦးရေစာရင်းနှင့် အချက်အလက်များကို ရနိုင်မှာ မဟုတ်ဘူးဟု ဒေသခံများနှင့် စစ်ဘေးရှောင်များက ပြောသည်။

လွိုင်ကော်မြို့ပေါ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက “ကောက်တယ်လေ။ သန်းခေါင်စာရင်းလည်း ကောက်တယ်။ ဧည့်စာရင်းလည်း တိုင်ရတယ်” ဟု ပြောသည်။

စစ်ရေးပဋိပက္ခ အခြေအနေများ၊ ဒေသတွင်း ရေကြီးရေလျှံမှု နောက်ဆက်တွဲ အခြေအနေများကြောင့် လူထုမှာ ဘေးလွှတ်ရာတွင် နေနေရချိန်၊ ထွက်ပြေးနေရချိန် ယခုကဲ့သို့ သန်းခေါင်းစာရင်း ကောက်ယူမှုက တိကျမှန်ကုန်မှု မရှိနိုင်ဘူးဟု သုံးသပ်ပြောဆိုနေကြသည်။

တစ်လေးလုံး စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့မှ စစ်ဘေးရှောင် နေရသူ အမျိုးသားတစ်ဦးက “လွိုင်ကော်မြို့ ပေါ်မှာ သန်ခေါင်စားရင်း ကောက်နေတာ ဆိုရင် လူဦးရေ အမှန်တော့ မရပါဘူးဗျ။ ဘာလို့လဲ ဆိုတော့ သူတို့ အထက်ဖိအားပေးတဲ့ စိတ်ကူးယာဉ်မှုသက်သက်သာ သူတို့ ရွေးကောက်ပွဲအတွက် အ ထောက်အကူ ပြုပါလိမ့် မယ်။ တကယ့်တမ်းဆိုရင် မြို့ပေါ်ရပ်ကွက်မှာရှိတဲ့ လူတွေ အိမ်ထောင်စုတွေ တော်တော်များများက စစ်ဘေး ရှောင် နေရာတွေမှာ ရောက်နေပါတယ်။ တကယ့်ကို ရွေးကောက်ပွဲ အစစ်ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ ဘာလို့ဆို ဒီကရင်နီပြည်မှာက ရှင်းရှင်းပြောရလို့ရှိရင် စစ်တပ်ကို လုံးဝ မလိုလားဘူး။ ဒီသန်ခေါင်းစာရင်း ဆိုတာလည်း လူဦးရေ အမှန် လုံးဝ မရပါဘူးဗျ” ဟု ပြောသည်။

တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် လူမရှိသော အိမ်များတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်နေပြီး ကျန်နေရာများ အားလုံးတွင် ကောက်ယူ ပြီးသလောက် ရှိနေပြီဟု လွိုင်ကော်မြို့ခံများက ပြောသည်။

ယခုနှစ် ၂၀၂၄ ခုနစ်တွင် မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရမည်ဟု စစ်ကောင်စီ က ထုတ်ပြန်ပြောဆိုထားသည်။

တစ်လေးလုံး စစ်ဆင်းရေးကြောင့် လွိုင်ကော်မြို့မှ ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးကလည်း ယခုကဲ့သို့ ဆက်ပြောသည်။

“လွိုင်ကော်မှာက အများအားဖြင့် သူများတွေက စစ်ရှောင်မှာပဲ ရောက်ကြတယ်။ နောက်တစ်ချို့ ဆိုလို့ရှိရင် တစ်ခြားနိုင်ငံမှာ အလုပ်လုပ်ကြတယ် ပေါ့နော။ ဆရာမတို့နေတဲ့ ပန်ကန်ရပ်ကွက် ဆိုလည်း မီးလောင် တာတွေလည်း ပါတယ်ကွာ တစ်ချို့ နောက်တစ်ချို့ ဆိုလို့ရှိရင်လည်း မရှိတော့ဘူး။ ဆရာမတို့ အိမ်ဘက်ဆို တော်ရုံတန်ရုံ ဘယ်သူမှ မနေတော့ဘူးပေါ့နော။ သန်ခေါင်စားရင်း ကောက်လို့ရှိရင် ဖြစ်နိုင်လား။ လုံးဝမဖြစ် နိုင်ဘူး။ မမှန်ကန် နိုင်ဘူးနော်”

မြန်မာနိုင်ငံအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တိုင်းနှင့် ပြည်နယ် (၁၀) ခုက မြို့နယ်ပေါင်း (၅၅) မြို့နယ်၌ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ် ကြောင်း စစ်ကောင်စီက တရားဝင် ပြောဆိုထားသည်။

စစ်ကောင်စီက မြန်မာနိုင်ငံ တစ်ဝန်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဟု ကနဦး ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းများ မပြီးစီးသော ကြောင့် လကုန်အထိ ကောက်သွားရန် ထပ်မံထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံတဝှမ်းက စစ်ပဋိပက္ခများအပြင် ရေကြီးရေလျှံမှုများကြောင့် ကောက်ယူ ပြီးစီးခြင်း မရှိသေးအတွက် ရက် တိုးပြီး ဆက်လက် ကောက်ယူသွားရန် စစ်ကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန က ပြောဆိုထားသည်။

April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...
April 20, 2026
ကော်သူးလေ အတိုင်ပင်ခံ ကောင် စီနှင့် အုပ်ချုပ်ရေးကောင်စီတို့သည် နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား...
April 11, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှု တစ်ပတ်နီးပါးကြာမြင့်လာပြီ...