ပုလော ပင်လယ်ပြင်တွင် စက်လှေတိမ်းမှောက် ကျောင်းသားများအပါ လူ ၈၀ ကျော် ပျောက်ဆုံးနေ

ပုလော ပင်လယ်ပြင်တွင် စက်လှေတိမ်းမှောက် ကျောင်းသားများအပါ လူ ၈၀ ကျော် ပျောက်ဆုံးနေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ ပြေးဆွဲနေသည့် စက်လှေတစ်စင်း အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းက ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား၊ ကျောင်သူများအပါအဝင် လူ ၈၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ငါးပုံးများအပါအဝင် ကုန်ပစ္စည်းအများအပြားတင်ဆောင်ထားပြီး ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားရောက်ကြမည့် ခရီးသည် ၈၀ ကျော် လိုက်ပါလာသည့် စက်လှေသည် ယမန်နေ့ည ၉ နာရီအချိန်ခန့်က ကျောက္ကာကျေးရွာမှ ပင်လယ်ပြင်အထွက် ရှင်ကြီးအိမ်နားတွင် ဝဲဆွဲခံလိုက်ရသည်ဟု ယူဆရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လောလောဆယ်မှာ အလောင်း ၇ လောင်းနဲ့ ဆယ်ယူရရှိထားပါတယ်။ ၁၁ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၇၀ ကျော်တော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အသက်ရှင်လျှက် ကယ်ဆယ်ထားနိုင်သူတွေကိုတော့ ကျောက္ကာတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။

တိမ်းမှောက်သွားသည့် စက်လှေပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေသော ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျောက္ကာကျေးရွာသို့ ပြောင်းရွေ့လာသည့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်များ၊ သီတင်းကျွတ်ပိတ်ရက်တွင် နေအိမ်များသို့ ပြန်လာကြသည့် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများအပြင် အခြားမြို့ရွာများမှ ပြည်သူများလည်း လိုက်ပါလာကြသည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

စက်လှေတိမ်းမှောက်မှုတွင် ပျောက်ဆုံးနေသူများကို ကျောက္ကာကျေးရွာဒေသခံများအပြင် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံ လှေပိုင်ရှင်များ၊ မြိတ်မြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ စုပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေကြကြောင်း သိရသည်။

လတ်တလော ပုလော-မြိတ် ပြည်ထောင်စုကားလမ်းမတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကြောင့် ကုန်တင်ယာဉ်များ ရာနှင့်ချီကာ ပိတ်မိနေသည့်အတွက် ခရီးသွားပြည်သူများက ရေကြောင်းခရီးဖြင့်သာ သွားလာနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...
February 21, 2026
မာံသဟာဲ (မင်းစဟိုင်း) နွေဦးနံနက်ခင်း၏ မြူနှင်းမြက်ခင်းများကြားတွင် ထားဝယ်နည်းပညာတက္ကသိုလ်...