ဖရူဆိုမြို့နယ်၊ ဒေါပိုရှေးရွာသားများနေထိုင်သည့် စစ်ရှောင်စခန်းတွင် ကျောင်းနေအရွယ်ကလေး ထက်ဝက်ကျော် ငှက်ဖျားရောဂါဖြစ်ပွား၊ ဆေးဝါးအကူအညီလိုအပ်

ဖရူဆိုမြို့နယ်၊ ဒေါပိုရှေးရွာသားများနေထိုင်သည့် စစ်ရှောင်စခန်းတွင် ကျောင်းနေအရွယ်ကလေး ထက်ဝက်ကျော် ငှက်ဖျားရောဂါဖြစ်ပွား၊ ဆေးဝါးအကူအညီလိုအပ်

ကရင်နီပြည် ဖရူဆိုမြို့နယ်အရှေ့ခြမ်း၊ ခိုးလျေဆိုစစ်ရှောင်စခန်းရှိ ဒေါပိုရှေးကျေးရွာခံတွေရှိနေတဲ့နေရာမှာ ကျောင်းနေအရွယ်ကလေးတွေ ငှက်ဖျားရောဂါအဖြစ်များနေပြီး လူဦးရေရဲ့ ထက်ဝက်ခန့် ရှိတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဆေးဝါးလုံလောက်တာမရှိဘူးလေး အဲဒီ ငှက်ဖျားနဲ့ပေါ့။ လောလောဆယ်က သူများဆေးခန်းကနေ တောင်းတာတော့ ရှိသလောက်ပေးထားတယ် သူတို့လည်း လောက်လား၊ မလောက်လားတော့ မသိဘူး။ ” လို့ သူက ပြောပါတယ်။

ကျောင်းနေအရွယ် ကျောင်းသူ၊ ကျောင်းသား ၃၀ ကျော်ရှိပြီး အသက် ၁၄ နှစ်အောက် ကျောင်းနေအရွယ်ကလေးတွေ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ သိရပါတယ်။

နှစ်လအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၀ ဦးဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

အခုလို ငှက်ဖျားရောဂါ ဖြစ်ပွားမှုများတာကြောင့် စစ်ရှောင်စခန်းအတွင်းနဲ့ အနီးအနားက ကျေးရွာတွေကို ကူးစက်သွားမှာလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းနေရာမှာ ငှက်ဖျားရောဂါအပြင် သွေးလွန်တုပ်ကွေး၊ သွေးတိုးစတဲ့ ရောဂါဖြစ်ပွားသူလည်း ရှိနေပါတယ်။

ငှက်ဖျားဖြစ်နေတဲ့ ကလေးနဲ့ လူကြီးတချို့မှာ အော့အန်တဲ့အထိ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

”ငှက်ဖျားဖြစ်ပြီး အန်ကြတယ်လေး အခြေအနေ ဘယ်လောက်ထိ ဆိုးလဲဆို ကလေးတစ်ယောက် လူကြီးတစ်ယောက် သတိကောင်းကောင်းမလည်တဲ့ အနေအထားထိ ဖြစ်တာပေါ့။” လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာ တစ်ဦးက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဆေးပေးခန်းမရှိပါဘူး။

အသက် သေဆုံးတဲ့အထိ ငှက်ဖျားရောဂါဖြစ်ပွားသူ မရှိသေးပေမယ့် စိုးရိမ်ရတဲ့ အခြေအနေ ရှိသလို ဆေးရုံကို ပို့ဆောင်ဆေးကုသပေးဖို့ လမ်းခရီးကုန်ကျစရိတ်တွေ အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိ ငှက်ဖျားအဖြစ်များနေစဉ်မှာ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ ဆေးဝါးရရှိဖို့ခက်ခဲသလို ဈေးနှုန်းကြီးမြင့်မှုကြောင့် မဝယ်ယူနိုင်သူတွေလည်း ရှိနေတာပါ။

ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနိုင်ဖို့ IEC ထံ အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လိုအပ်နေတဲ့ ဆေးဝါးအကူအညီကို တိုင်းရင်းသားကျန်းမာရေးအဖွဲ့ဖြစ်တဲ့ CHDN ထံ အကူအညီတောင်းခံပြီး ရရှိလာတဲ့ဆေးဝါးနဲ့ ကုသပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အရှေ့ခြမ်း၊ ခိုးလျေဆိုစစ်ရှောင်စခန်းရှိ ဒေါပိုရှေးကျေးရွာခံတွေရှိနေတဲ့နေရာမှာ အိမ်ခြေ ၂၅ အိမ် နဲ့ လူဦးရေ (၁၃၃) ဦး ရှိပါတယ်။

ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...
ဓါတ်ပုံ-ဒေသခံ
January 27, 2026
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာတွေမှာ ၁၅ နှစ်အောက် ကလေးငယ်တွေ အရေပြားရောဂါ...