သီပေါ စစ်ကောင်စီ လေကြောင်းတိုက်ခိုက် အရပ်သားတစ်ဦးသေဆုံး (၈)ဦးထိခိုက်ဒဏ်ရာရ

သီပေါ စစ်ကောင်စီ လေကြောင်းတိုက်ခိုက် အရပ်သားတစ်ဦးသေဆုံး (၈)ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး (၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၅ ရက်နေ့ည (၈) နာရီခွဲ အချိန်မှ (၁၀) နာရီထိစစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့်ဗုံးလာရောက်ကြဲကာ ရဲစခန်းအနီးတွင် ဗုံး (၂)လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်တွင် (၁)လုံးနှင့် တောင်မြို့ရပ်ကွက် လယ်ကွက်အနီးတွင် (၁) လုံးကျရောက်ပေါက်ကွက်ခဲ့ကြောင်း PSLF/TNLA ပြန်ကြားရေးဌာနမှ အောက်တိုဘာလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲမှုကြောင့် သီပေါမြို့စံပြမုန့်ဆိုင်တွင် ညအိပ်စောင့်နေသည့် ကိုသိန်းနိုင် အသက်(၅၁) နှစ်ဆိုသူသေဆုံးခဲ့ပြီး ကလေး(၂) ဦးအပါဝင် ပြည်သူ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် သီပေါမြို့ခံ များထပ်မံ စစ်ဘေးရှောင်နေကြရပြီး ကျန်ရှိနေသည့် မြို့ခံများညမအိပ်ရဲပဲ ကြောက်လန့်နေရကြောင်း သိရသည်။

“ ခုတော့ပြေးနေရပီ၊ မနေရဲတော့ဘူး။ ဘယ်အချိန်သေမလဲ ကိုယ့်ကိုမသိတော့ဘူး။ ကြောက်လည်း ကြောက်တယ်။ ပြေးစရာ မြေတောင်မကျန်တော့ဘူးထင်တယ်။” ဟု သီပေါမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူ နမ့်လန်တွင်လည်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အလုံး(၂၀) ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

လက်ရှိ သီပေါမြို့တွင် စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတက်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...
ဓာတ်ပုံ - Crd
August 25, 2026
ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ...
ဓာတ်ပုံ - Crd (ပင်းပက်သံမဏိစက်ရုံနေရာပုံ)
August 25, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို...
ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...