သန်းခေါင်းစာရင်းကောက်ယူမှုတွင် စစ်ဘေးရှောင်များကိုလည်း ရွေ့ပြောင်းစာရင်းမှာ ထည့်သွင်းကောက်ယူ

သန်းခေါင်းစာရင်းကောက်ယူမှုတွင် စစ်ဘေးရှောင်များကိုလည်း ရွေ့ပြောင်းစာရင်းမှာ ထည့်သွင်းကောက်ယူ

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ရသူတွေကို ရွှေ့ပြောင်းစာရင်းတွေထဲမှာ ထည့်သွင်းကောက်ယူနေတယ်လို့  စုံစမ်းသိရှိရပါတယ်။

“ ကျနော်တို့စစ်ဘေးရောင်တွေကို ရွှေ့ပြောင်းဆိုပြီးကောက်တယ်ပြီးတော့ အိမ်အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေ မေးမသွားဘူး။ ကျနော်တို့ စစ်ဘေးရှောင်တွေကိုတော့ မေးခွန်း ၁၈ ခုမေးတယ်။ ဒေသခံတွေကိုတော့ အိမ်အကြောင်းအရာမေးတယ်။ သူတို့က မေးခွန်း ၆၈ ခုမေးတယ်လို့ပြောတယ်။ စစ်ဘေးရှောင်သူများကို ရွှေ့ပြောင်းထဲထည့်တွင်းကောက်ယူပြီး မေးခွန်း ၁၈ ခုမေးခဲ့ပေမယ့် မေးခွန်း ၁၈ ခုပြည့်စုံအောင်မေးသွာတာမရှိဘူး” လို့ သန်းခေါင်စာရင်း ကောက်ယူခံရတဲ့ စစ်ဘေးတိမ်းရှောင်နေရသူ တစ်ဦးက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ သာမာန်အရပ်သားတွေကို ကနဦးပြင်ဆင်ထားတဲ့ မေးခွန်း ၆၈ ခုမေးမြန်းခံရပြီး စစ်ဘေးရှောင်များအတွက်မေးခွန်း ၁၈ ခု မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

“ မေးခွန်းတွေက အကုန်လုံးမေးသွားတာတော့မဟုတ်ဘူး နည်းနည်းပဲမေးသွားတာ အမည်၊ အသက်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကဒ်အရောင်၊ ပညာအရည်အချင်း၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ကျား/မဘယ်လောက်ရှိ၊ အိမ်းထောင်ရှိ/မရှိ၊ ကိုးကွယ်သည့်ဘာသာ၊ မြန်မာနိုင်ငံတွင်အဓိကအသုံပြုသောဘာသာစကား ၊ မေးခွန်း  ၁၀ မျိုး ၁၁ မျိုးလောက်ပဲမေးသွားတာ” လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်တွေကို သူတို့တွေရဲ့ မိသားစု နဲ့  ပတ်သက်တဲ့ အကြောင်းအရာသာမေးမြန်းပြီး အိမ်အကြောင်းအရာများကို မေးမြန်းခြင်းမရှိဘူးလို့ သိရပါတယ်။

မြို့ကြီးတွေဆီကို တိမ်းရှောင်ကြသူတွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မန္တလေးတိုင်း ၊ ရန်ကုန်တိုင်း နဲ့ ရှမ်းပြည်နယ်တွေဆီကို တိမ်းရှောင်ကြတာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း  စစ်ဘေးတိမ်းရှောင်နေရသူ သုံးသန်းနီးပါးရှိလာနေတာလည်းဖြစ်ပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး ဒီကနေ ရတဲ့အချက်အလက်တချို့ဟာ လာမယ့် ၂၀၂၅ခုနှစ် စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် အသုံးပြုသွားမှာဖြစ်သလို တိုင်းပြည်ဖွံ့ဖြိးရေးအတွက်လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

April 25, 2026
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က PDF တပ်ဖွဲ့ဝင်ထားပြီး...
April 24, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို...
ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...