ချင်းပြည်နယ်မြို့ကြီးတချို့မှာ သန်းခေါင်စာရင်းကောက်ခံ၊ ဟားခါးမှာပစ်ခတ်မှုဖြစ်ပွား

ချင်းပြည်နယ်မြို့ကြီးတချို့မှာ သန်းခေါင်စာရင်းကောက်ခံ၊ ဟားခါးမှာပစ်ခတ်မှုဖြစ်ပွား

စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာ လ ၁ ရက်နေ့ မနက်ပိုင်းကစတင်လိုက်ပြီး ချင်းပြည်နယ်မြို့ကြီးတချို့မှာလည်း သန်းခေါင်စာရင်းကောက်ယူမှုရှိခဲ့ပြီးနောက် ဟားခါး မြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဟားခါးမြို့ခံအမျိုးသားတဦးက “ဟားခါးမြို့ပေါ်မှာတော့ ဒီနေ့ကောက်မယ်လို့ သတင်းကြားတယ်၊ ကောက်လို့ ထင်တယ် လူငယ်တွေနဲ့ စကစတွေ ပစ်ခတ်မူတွေရှိတယ်၊ သူတို့ရဲစခန်းဖက်မှာ မနက်ပိုင်း (၁၀) နာရီခွဲလောက်မှာ နာရီဝက်လောက်တော့ ကြာတယ်၊ ဒီနေ့မှာ အပြင်လည်းမထွက်ဘူးဆိုတော့ တခြား ဘယ်မှာကောက်လဲတော့ မသိဘူး” ဟု ပြောသည်။

စစ်ကောင်စီသည် ဟားခါးမြို့ပေါ်   ဈေးဟောင်းရပ်ကွက်၊ အစိုးရမူကြိုကျောင်း၊ ရဲစခန်း အနီးတဝိုက်ရှိ နေအိမ်များကို  တအိမ်တက်ဆင်းဖြင့် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ပြီး အခြားရပ်ကွက်များတွင် ကောက်ယူခြင်းရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဟားခါးမြို့မှာအခြေစိုက်လှုပ်ရှားနေသော CDF-Hakha တပ်ဖွဲ့က စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပူးပေါင်းပါဝင်သော Non-CDM ဝန်ထမ်းများကို စစ်ကောင်စီကဲ့သို့သဘောထား၍ ပစ်ခတ်မည်ဟု စက်တင်ဘာလ ၂၃ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။  

အလားတူ ဖလမ်းမြို့ပေါ်ရှိ ရပ်ကွက်တချို့မှာလည်း လုံခြုံရေးအပြည့်နှင့် သန်ခေါင်စာရင်းကောက်ယူမှုရှိခဲ့သည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးကပြောသည်။

ဖလမ်းမြို့ခံတစ်ဦးက “မနေ့ကစပြီး သူတို့ကောက်တာ ၊ရပ်ကွက်တွေတော့ အတိအကျမသိဘူး၊တအိမ်တက် တအိမ်ဆင်းပြီးတော့ တချို့လူမရှိတဲ့အိမ်တွေကတော့ ကျော်တယ်၊အဓိကအားဖြင့် ထွေအုပ်ဖက် ဝန်ထမ်းတွေ ပါတယ်၊ စကစဖက်လည်း သူတို့ကင်းစောင့်ပေးတယ်လုံခြုံရေးကတော့ ရှိတယ်။” ဟု ပြောသည်။

ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်တွင် စစ်ကောင်စီသည် ယနေ့အောက်တိုဘာလ ၁ ရက်နေ့မှာ ဟားခါးမြို့နှင့် ဖလမ်းမြို့တို့မှာသာ သန်းခေါင်စာရင်းကောက်ယူများပြုနိုင်ကြောင်းသိရပြီး  ကျန်မြို့နယ်များ၏ အခြေအနေကို အတိအကျမသိရသေးပေ။

စစ်ကောင်စီသည် နိုင်ငံရေးနောက်ဆုံးထွက်ပေါက်တစ်ခုအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေး ကောက်ပွဲပြုလုပ်ရန် စီစဉ်ထားပြီး ယင်းအတွက် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်သည်။

ချင်းတော်လှန်ရေးအင်အားစုအဖွဲ့များကတော့ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှာ ပူးပေါင်းပါဝင်သော မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။

April 4, 2026
စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို...
April 3, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ)တွင် အခြေ စိုက် လှုပ်ရှားနေသော...
April 2, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ...
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင်...