မောင်တောတွင် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီး

မောင်တောတွင် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီး

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ရာနဲ့ချီ ပျက်စီးသွားခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာ ၂၉ ရက်တွင် Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချခဲ့မှုကြောင့် မောင်တောမြို့ အမှတ် (၂) ရပ်ကွက်၊ မြို့မကညင်တန်း၊ ဝီမလ၊ ငါးခူရ (မွတ်ဆလင်) ရွာနှင့် ရွှေဇားရွာတို့တွင် နေအိမ် ၁၀၀ ခန့် ပျက်စီးသွားခဲ့သည်။

“Y-12 နဲ့လာပြီးတော့ တစ်မနက်လုံး ဗုံးလာကြဲတာ။ မြို့ပေါ်က ရပ်ကွက်တချို့မှာကျပြီး မီးလောင်တာတွေ ရှိတယ်။ ခန့်မှန်းရသလောက်တော့ နေအိမ်တစ်ရာလောက် ရှိနိုင်တယ်။

အိမ်အရေအတွက်ကို အတိအကျမသိရသေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မောင်တောမြို့တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် နယ်ခြားစောင့်ရဲတပ်ရင်း - နခခ (၅) ကို အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

နခခ (၅) ကို ထိုးစစ်အရှိန်မြှင့်မည်ဟု စက်တင်ဘာ ၂၇ ရက်တွင် AA ကြေညာပြီးနောက် စစ်ကောင်စီကလည်း လေကြောင်းမှတစ်ဆင့် အပြင်းအထန် တိုက်ခိုက်နေသည်။

လက်ရှိတွင် နခခ (၅) ကို AA က အပြီးသတ် သိမ်းပိုက်ထားပြီဟု သတင်းများလည်း ထွက်ပေါ်နေသည်။

မြေပြင်သတင်းရင်းမြစ် နောက်တစ်ဦးက “မနေ့ကတည်းက နခခ(၅) ကို AA က သိမ်းလို့ရထားပြီ။ အဲဒါကြောင့် စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလာတာ။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို AA က လိုက်လံရှင်းလင်းနေတာရှိတယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အတိအကျကို သိရှိနိုင်ရန် AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်ထားဆဲ ဖြစ်သည်။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်သွားမည်ဟု AA က ကြေညာထားသည်။

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...