နှစ်ပေါင်း (၄၀) ကြာ တပ်စွဲထားသည့် သိန္ဓောစခန်းကို စစ်ကောင်စီတပ်သားများ စွန့်ခွာ

နှစ်ပေါင်း (၄၀) ကြာ တပ်စွဲထားသည့် သိန္ဓောစခန်းကို စစ်ကောင်စီတပ်သားများ စွန့်ခွာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ အခြေချတပ်စွဲလာခဲ့သည့် သိန္ဓောစစ်ကောင်စီစခန်းသည်  စခန်းအတွင်း နေထိုင်သော စစ်ကောင်စီတပ်သားများမှ စွန့်ခွာ ထွက်ပြေးသွားကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း -၂ က ယနေ့ (စက်တင်ဘာ ၂၈ )ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ သိန္ဓောရွာအခြေစိုက် စစ်ကောင်စီစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန(တနင်္သာရီ)ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း(၁) နှင့် စစ် ကြောင်း(၂)တို့မှ ၂၀၂၄ ခုနှစ် ဧပြီလကုန်ပိုင်းတွင် စတင်ထိုးစစ်ဆင် ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ၂၅ ရက်နေ့တွင် စစ်ကောင်စီအင်အား(၁၅၀)သည် စခန်းစွန့်ခွာထွက်ပြေး သွားကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း-၂မှ ရဲဘော်မျိုးကြီး ၏ ပြောဆိုချက်များအရ သိရသည်။

“အဲ့ဒီစခန်းကို ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ သွားပြီးတော့တိုက်တယ်။ ဒရုန်းတွေနဲ့ချတာ ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တာ အဲ့လိုမကြာမကြာသွားလုပ်တယ်။ အဲ့ဒီစခန်းကလည်း ပြည်ထောင်စု လမ်းမကြီးနဲ့ဝေးတော့ စစ်ကောင်စီဘက်တပ်လူတွေ လာလို့မရဘူး။ အဲ့တာကြောင့် ပြည်ထောင်စု လမ်းမကြီးပေါ်က စကစတပ်တွေနဲ့ပူးပေါင်းမဲ့အနေအထားမှာရှိတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ စစ်ကောင်စီစခန်းကုန်းကို လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ သိမ်းပိုက်ထားလိုက်ပြီး စစ်ကောင်စီထံမှ လက်နက်တချို့အကြွင်းအကျန်တချို့သိမ်းဆည်း ရရှိလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

သိန္ဓောစခန်းသည် ၁၉၈၀ ခုနှစ်ကတည်းက စတင်အခြေချတပ်စွဲလာခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းမှ ထိုင်း-မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊ လေကေစခန်း နှင့် ပွိုင့်(၃၀၀၀)စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့မှုပေးနေသော အဓိကကျသည့် ရှေ့တန်းစခန်းဖြစ်ကြောင်း သိရသည်။

သိန္ဓောစခန်းမှ ဆုတ်ခွါလာသည့် စစ်ကောင်စီ အင်အား(၁၅၀)ခန့်ရှိသည့် တပ်ဖွဲ့ဝင်များသည် ဘန်ကြုပ် ကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားလျက်ရှိရာ မြိတ်ခရိုင်အတွင်း၌ ခရီးသွားလာကြမည့် ပြည်သူများအနေဖြင့် တိုင်းစစ်ဌာန(တနင်္သာရီ)မှ ထုတ်ပြန်ထားသည့် အသိပေးချက်များ အတိုင်း အလေးထားပူးပေါင်းပေးကြပါရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...