ရေးမြို့မှာ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ဒေသခံငါးဦး ဖမ်းဆီးခံရ

ရေးမြို့မှာ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ဒေသခံငါးဦး ဖမ်းဆီးခံရ

မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထံ ငွေကြေးထောက်ပံ့တာတွေ လုပ် ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ မြို့ ခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ရေးမြို့ ရန်ကြီးအောင်ရပ် ကွက်နေ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးကို နေအိမ်မှာ အရင်ဆုံးဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် ည ၄ နာရီအချိန်ခန့်မှာလည်း တစ်ရပ်ကွက်တည်းနေ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးနဲ့ အသက် ၄၅ နှစ်အရွယ် ကိုအောင်မောင်းတို့ကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာတော့ ရန်မျိုးအောင်ရပ်ကွက် ဈေးဆိုင်တစ်ခုကနေ အမျိုးသမီးငယ်နှစ်ဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေဟာ PDF တွေထံ ငွေကြေးထောက်ပံ့တာ၊ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင် ရာတွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

သူတို့တွေကို စစ်ကောင်စီတပ်က ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို မိ သားစုဘက်က လိုက်လံစုံစမ်းပေမယ့် လက်ရှိအချိန်အထိ သတင်းအစအန မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရေးမြို့မှာ ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်းကစပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးတာ၊ ပိတ်ဆို့စစ်ဆေးတာအပြင် ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း အကြောင်းမဲ့ဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရ၊ ညမထွက်ရအမိန့်တွေအပြင် စည်းကမ်းတင်းကျပ်တဲ့ ဒေသ န္တရအမိန့် အမျိုးမျိုးထုတ်ပြန်ထားပါတယ်။

လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုကြောင့် လူပေါင်း ၃၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Most read this week

January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...
January 28, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ ဖိအားကြောင့် ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တချို့ဟာ...