လားရှိုး နမ္မကျောက်မီးသွေးတွင်း ဗုံးထပ်ကြဲခံရ၊ လေကြောင်းအန္တရာယ် သတိထားရန် ညီနောင်မဟာမိတ် သတိပေး

လားရှိုး နမ္မကျောက်မီးသွေးတွင်း ဗုံးထပ်ကြဲခံရ၊ လေကြောင်းအန္တရာယ် သတိထားရန် ညီနောင်မဟာမိတ် သတိပေး

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ လေကြောင်းအန္တရာယ် သတိထားရန် ညီနောင်မဟာမိတ် (၃)ဖွဲ့က သတိပေးလိုက်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၁ နာရီခန့်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီးရှိ နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အဆောက်အဦးအချို့ ပျက်စီးခဲ့သော်လည်း ပြည်သူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ထုတ်ပြန်သည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်နှင့် အနီးတဝိုက် စစ်ရေးပစ်မှတ် မဟုတ်သည့် နေရာများသို့ စစ်ကောင်စီတပ်က စက်တင်ဘာလ (၉) ရက်နှင့် (၁၀) ရက်တို့တွင် နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ (၁၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသော ပြည်သူလူထုများရှိရာ နေရာများ၊ လူနေထူထပ်သော နေရာများနှင့် ၎င်းတို့ စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသော စခန်းဟောင်းများကို လေကြောင်းမှ နေ့ညမရွေး ဗုံးကြဲတိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်)တွင် သတင်းထုတ်ပြန်သည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှ အပြစ်မဲ့ ကလေး၊ ကိုယ်ဝန်ဆောင်များနှင့် အရပ်သား ပြည်သူလူထုများ အပါအဝင် စစ်သုံ့ပန်းအဖြစ် ရှိနေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များလည်း သေဆုံး၊ ဒဏ်ရာရမှု နေ့တိုင်းနီးပါး ရှိနေကြောင်း ဆိုထားသည်။

စစ်ကောင်စီတပ်က ဆက်တိုက်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကို မှတ်တမ်းတင်ထားရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို သတိထားကြရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်များကိုလည်း သတိထား စောင့်ကြည့်ထားရန် ညီနောင်မဟာမိတ်တပ်များက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တားဆီးဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့ က တောင်းဆိုထားခဲ့ဖူးသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...