တရားမဝင် ရိက္ခာသယ်ယူသည်ဟုဆိုကာ ကျောက်ဖြူဒေသခံ အမျိုးသမီး ၄ ဦး ထောင်ဒဏ် (၁) လစီ ချမှတ်ခံရ

တရားမဝင် ရိက္ခာသယ်ယူသည်ဟုဆိုကာ ကျောက်ဖြူဒေသခံ အမျိုးသမီး ၄ ဦး ထောင်ဒဏ် (၁) လစီ ချမှတ်ခံရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ အသက်အပြည့်သေးသည့် မိန်းကလေးငယ် တစ်ဦးအပါဝင် အမျိုးသမီး ၄ ဦးကို  တရားမဝင် ရိက္ခာသယ်ယူသည်ဟုဆိုကာ ထောင်ဒဏ် (၁) လစီ ချမှတ်ခံလိုက်ရကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ ဒေါငွေယိုင်၊ ဒေါ်အိအိသူ၊ မကုလားမနှင့် အသက် (၁၇)နှစ်အရွယ် မချေချေမတို့ ဖြစ်ကြသည်။

၎င်းတို့မှာ စက်တင်ဘာ ၈ ရက်တွင် ဂုံးချွိန်ကျေးရွာအနီးရှိ ဒေသအခေါ် (လှေကျောင်ချောင်း)ကို လောင်းလှေဖြင့် ဖြတ်ကူးစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ယင်းနောက် ဒေါ်ငွေယိုင်အပါအဝင် ၄ ဦးမှာ တရားမဝင် ရိက္ခာသယ်ယူမှုပြုသည်ဟုဆိုကာ စက်တင်ဘာ ၉ ရက်တွင် ကျောက်ဖြူမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၁)လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဈေးဝယ်မယ်ဆိုပြီးသွားတာ။ တစ်ဖက်ကမ်းအရောက် စေတီယျရပ်ကွက်နားမှာ ဖမ်းဆီးခံရတယ်။ သွားတုန်းက တော့ သူတိုနဲ့အတူ အခြားရွာက နောက်ထပ် အမျိုးသမီး နှစ်ယောက်လည်းပါတယ်လို့သိရတယ်။ အဲဒီအမျိုးသမီး နှစ်ယောက်ကို ပြန်လွှတ်ပြီး ကျနော်တို့ရွာက လေးယောက်စလုံးကို ထောင်ဒဏ်ချမှတ်လိုက်တာ” ဟု ဂုံးချွိန်ကျေးသားတစ်ဦးက ပြောသည်။  

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာမှစ၍ စစ်ကောင်စီက ကျောက်ဖြူမြို့အဝင် ကားလမ်း(ကျောက်တစ်လုံးဂိတ်) အပါအဝင် မြိုပေါ် ရှိ ဆိပ်ကမ်းများကိုပါ ပိတ်ဆို့ကာ မြို့အဝင်/အထွက်ကို တင်းကျပ်စွာ တားမြစ်ထားသည်။

စစ်ကောင်စီ ပိတ်ဆို့ထားမှုကြောင့် ကျေးလက်ဒေသများတွင် စားနပ်ရိက္ခာပြတ်လပ်မှုဏ်ကို ဆိုးရွားစွာကြုံတွေ့ နေရသဖြင့် မြို့ပေါ်သို့ ရိက္ခာဝယ်ယူရန်သွားရောက်စဉ် မကြာခဏ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံရမှုများ ရှိနေသည်။

ဩဂုတ် ၁၉ ရက်ကလည်း ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ သုံးဘီး (တုတ်တုတ်)မောင်းသူ အသက် ၄၀ အရွယ် ဦးခင်မောင်ဝင်းကို စားနပ်ရိက္ခာသယ်ယူမှုဖြင့်  စစ်ကောင်စီက ထောင်ဒဏ် (၁)လ ချမှတ်ခဲ့သည်။

ကျောက်ဖြူမြိုခံ အမျိုးသမီးတစ်ဦးက “ရာဇ၀တ်မှုတွေကို ကျုးလွန်တာလည်းမဟုတ်ဘူး။ အခုက အိမ်မှာ စားသောက်ဖို့ ရိက္ခာသွားယူတာလောက်နဲ့ကို  အမျိုးသမီးနဲ့ ကလေးတွေပါ ထောင်ဒဏ်ချမှတ်ခံနရတယ်။ ဒါဟာ အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ်ကို ငဲ့ညှာမှုမရှိဘဲ လူ့အခွင့်အရေးကို ချိုးဖောက်နေတာလိုပဲ ပြောချင်တယ်” ဟု ပြောသည်။

စစ်ကောင်စီ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်ဒေသတွင် ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေ၍ ဒေသခံများမှာ စားဝတ်နေရေးအကျပ်အတည်းကို ခါးစည်းစွာခံစားနေကြရသည်။

တိုက်ပွဲကာလ ကျောက်ဖြူဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခဲ့ပြီး ယင်းထဲမှ ဒေသခံ ၉၄ ဦးထက်မနည်းမှာ ဆက်လက်ဖမ်းဆီးခဲ့ထားရဆဲဖြစ်သည်။

စစ်ကောင်စီ ဖမ်းဆီးထားသည့် ကျောက်ဖြူဒေသခံများထဲတွင် အမျိုးသား ၈၆ ဦးနှင့် အမျိုးသမီး ၈ ဦးပါဝင်ပြီး ယင်းထဲတွင် အသက် မပြည့်သေးသည့် ကလေးငယ် ၄ ဦးပါဝင်နေသည်။

Most read this week

January 31, 2026
မောင်တောမြို့နယ်တောင်ပိုင်း မေယုတောင်ကြောထဲတွင် ယခုရက်ပိုင်းအတွင်း ARSA...
ဘင်္ဂလားဒေ့ရှ်နယ်စပ်ပင်လယ်ပြင် လုံခြုံရေးကင်းလှည့်နေသည့် AA တပ်သားများကို ယခုလအတွင်းတွေ့ရ စဉ်။ Photo - Hein Tun/ABN
January 30, 2026
ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တကြောတွင် ရေပိုင်နက် လုံခြုံရေးလုပ်ငန်းများကို...
January 29, 2026
ရခိုင်ပြည်တွင်း ထုတ်ကုန်တစ်ခုဖြစ်သော ဆားလုပ်ငန်းမှာ ဈေးကွက် အာမခံချက် မရှိခြင်း၊...
January 28, 2026
စစ်ရေးပဋိပက္ခကြားက ကလေးငယ်များအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုစားပေးမှု၊...