ကျောက်ဖြူတွင် ၈ ရက်အတွင်း ဒေသခံ ၇ ဦး ဖမ်းဆီးခံရ၊ ၂ ဦးကို ပြန်လွှတ်ပေး

ကျောက်ဖြူတွင် ၈ ရက်အတွင်း ဒေသခံ ၇ ဦး ဖမ်းဆီးခံရ၊ ၂ ဦးကို ပြန်လွှတ်ပေး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ယခု (စက်တင်ဘာလ ၈ ရက်) အတွင်း ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး ခဲ့ပြီး ယင်းအထဲက ၂ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ငလပွေ့ရပ်ကွက်မှ ကိုစိုးလွင်မောင်၊ ဦးသန်းမောင်နု၊ ဦးဖိုးသောကြော၊ ဦးဝတုတ်၊ ဦးခင် မောင်းသန်းနှင့် သစ်ပုတ်တောင်တိုက်နယ်၊ ကြံချိုင်ကျေးရွာမှ ဦးမဲထွန်း၊ ဦးမောင်ခင်သန်းတို့ဖြစ်ကြသည်။ 

ယင်းအထဲက ဦးသန်းမောင်နု၊ ဦးခင်မောင်သန်း၊ ဦးဝတုတ်နှင့် ဦးဖိုးသောကြာတို့ကို စက်တင်ဘာ ၅ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ရဲစခန်းတွင် ချုပ်နှောင်ခံထားရကြောင်း သိရသည်။

“ မြို့ထဲကရိက္ခာတွေကို မြို့ပြင်သို့ စက်လှေနဲ့ထုတ်ပေးတယ်ဆိုပြီး သူတို့ လေးယောက်စလုံးက အမှုတစ်ခုတည်းနဲ့ အဖမ်းခံရတာပါ။ အခုတော့ ရဲစခန်းမှာ ချုပ်ထားတယ်လို သိရပေမယ့် မိသားစုတွေနဲ့တော့ တွေ့ခွင့်မရသေး ဘူး လို့ သိရပါတယ်” ဟု ငလပွေ့ကျေးရွာသားတစ်ဦးက ပြောသည်။

အလားတူ ဦးမဲထွန်း၊ ဦးမောင်ခင်သန်းနှင့် ကိုစိုးလွင်မောင်တို့မှာ စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်  ပြီး ယင်းအထဲက ဦးမဲထွန်းနှင့် ဦးမောင်ခင်သန်းတို့ကို စက်တင်ဘာ ၃ ရက်တွင် ပြန်လည်လွှတ်ပေးလိုက် ကြောင်း သိရသည်။ 

“မြစ်မှာ ငါးရှာနေတာကို စစ်သင်္ဘောကလာပြီး ဖမ်းသွားတာပါ။ ဒါပေမဲ့ နှစ်ရက်လောက်အကြာမှာ ပြန်လွှတ် ပေး လိုက်တယ်။ ငါးရှာတဲ့ စက်လှေတစ်စီးကိုတော့ သူတို့ (စစ်ကောင်စီ) သိမ်းထားလိုက်တယ်” ဟု ဦးမဲထွန်းမိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ယခုတိုက်ပွဲကာလအတွင်း ကျောက်ဖြူမြိုနယ်မှ ဒေသခံ ၂၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်း အထဲက ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၉၀ ဦး ထက်မနည်းမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထား ရဆဲဖြစ်သည်။ 

ဖမ်းဆီးခံထားရသူများထဲတွင် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ သာမာန်အရပ်သားများနှင့် အသက် မပြည့်သေးသည့် ကလေးသူငယ်များပါဝင်ပြီး အများစုမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၂၇(၁)၊ (၂) တို့ဖြင့် တရားစွဲဆိုခံထားရသည်။

Most read this week

December 9, 2025
စစ်ကောင်စီ ထိန်းချူပ်ထားဆဲဖြစ်သည့် စစ်တွေမြို့က အခြေခံလက်လုပ်လက်စားနှင့် မွတ်ဆလင်များကို...
Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...