ကျောက်ဖြူတွင် ၈ ရက်အတွင်း ဒေသခံ ၇ ဦး ဖမ်းဆီးခံရ၊ ၂ ဦးကို ပြန်လွှတ်ပေး

ကျောက်ဖြူတွင် ၈ ရက်အတွင်း ဒေသခံ ၇ ဦး ဖမ်းဆီးခံရ၊ ၂ ဦးကို ပြန်လွှတ်ပေး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ယခု (စက်တင်ဘာလ ၈ ရက်) အတွင်း ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး ခဲ့ပြီး ယင်းအထဲက ၂ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ငလပွေ့ရပ်ကွက်မှ ကိုစိုးလွင်မောင်၊ ဦးသန်းမောင်နု၊ ဦးဖိုးသောကြော၊ ဦးဝတုတ်၊ ဦးခင် မောင်းသန်းနှင့် သစ်ပုတ်တောင်တိုက်နယ်၊ ကြံချိုင်ကျေးရွာမှ ဦးမဲထွန်း၊ ဦးမောင်ခင်သန်းတို့ဖြစ်ကြသည်။ 

ယင်းအထဲက ဦးသန်းမောင်နု၊ ဦးခင်မောင်သန်း၊ ဦးဝတုတ်နှင့် ဦးဖိုးသောကြာတို့ကို စက်တင်ဘာ ၅ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ရဲစခန်းတွင် ချုပ်နှောင်ခံထားရကြောင်း သိရသည်။

“ မြို့ထဲကရိက္ခာတွေကို မြို့ပြင်သို့ စက်လှေနဲ့ထုတ်ပေးတယ်ဆိုပြီး သူတို့ လေးယောက်စလုံးက အမှုတစ်ခုတည်းနဲ့ အဖမ်းခံရတာပါ။ အခုတော့ ရဲစခန်းမှာ ချုပ်ထားတယ်လို သိရပေမယ့် မိသားစုတွေနဲ့တော့ တွေ့ခွင့်မရသေး ဘူး လို့ သိရပါတယ်” ဟု ငလပွေ့ကျေးရွာသားတစ်ဦးက ပြောသည်။

အလားတူ ဦးမဲထွန်း၊ ဦးမောင်ခင်သန်းနှင့် ကိုစိုးလွင်မောင်တို့မှာ စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်  ပြီး ယင်းအထဲက ဦးမဲထွန်းနှင့် ဦးမောင်ခင်သန်းတို့ကို စက်တင်ဘာ ၃ ရက်တွင် ပြန်လည်လွှတ်ပေးလိုက် ကြောင်း သိရသည်။ 

“မြစ်မှာ ငါးရှာနေတာကို စစ်သင်္ဘောကလာပြီး ဖမ်းသွားတာပါ။ ဒါပေမဲ့ နှစ်ရက်လောက်အကြာမှာ ပြန်လွှတ် ပေး လိုက်တယ်။ ငါးရှာတဲ့ စက်လှေတစ်စီးကိုတော့ သူတို့ (စစ်ကောင်စီ) သိမ်းထားလိုက်တယ်” ဟု ဦးမဲထွန်းမိသားစု နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ယခုတိုက်ပွဲကာလအတွင်း ကျောက်ဖြူမြိုနယ်မှ ဒေသခံ ၂၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်း အထဲက ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ၉၀ ဦး ထက်မနည်းမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထား ရဆဲဖြစ်သည်။ 

ဖမ်းဆီးခံထားရသူများထဲတွင် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ သာမာန်အရပ်သားများနှင့် အသက် မပြည့်သေးသည့် ကလေးသူငယ်များပါဝင်ပြီး အများစုမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၂၇(၁)၊ (၂) တို့ဖြင့် တရားစွဲဆိုခံထားရသည်။

September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...