ကျိုက်ထိုမှာ မျောက်ကျောက်ရောဂါ သံသယလူနာ တစ်ဦးတွေ့ရှိ

ကျိုက်ထိုမှာ မျောက်ကျောက်ရောဂါ သံသယလူနာ တစ်ဦးတွေ့ရှိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၅ ရက်နေ့က မျောက်ကျောက်ရောဂါ သံသယလူနာ တစ်ဦး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အဲဒီနေ့က ရွှေမြန်မာခရီးသည်တင်ယာဉ်အား စစ်ဆေးနေစဉ် ကားပေါ်ပါလာတဲ့ ပဲခူးတိုင်း ပြည်မြို့နယ်နေ အမျိုးသားတစ်ဦးမှာ မျောက်ကျောက်ရောဂါဖြစ်နိုင်ဖွယ် သံသယလက္ခဏာတွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် မျောက်ကျောက်ရောဂါ သံသယလူနာကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံထံ ပို့ဆောင်ခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံဘက်ကတော့ မျောက်ကျောက်ရောဂါ သံသယရှိ အမျိုးသားကို လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နေပြီး စစ်ဆေးမှုအဖြေရလဒ်ကို ပြန်လည်ထုတ်ပြန်ပေးမယ်လို့ ဆေးရုံရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာ တစ်ဦး တွေ့ရှိခဲ့တဲ့အတွက် ထားဝယ်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်ကုသနေတာပါ။

မျောက်ကျောက်ခေါ် Mpox ရောဂါဟာ လူတွေမှာ ကူးစက်ဖြစ်ပွားခြင်းကို ၁၉၇၀ ခုနှစ်ကစပြီး ကွန်ဂိုနိုင်ငံအပါအဝင် အာဖရိကနိုင်ငံ ၁၁ နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး Mpox ရောဂါဖြစ်ပွားလေ့မရှိတဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ ကပ်ရောဂါအသွင် ဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ မျောက်ကျောက်ရောဂါဟာ ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားနိုင်တာကြောင့် ရောဂါကူးစက်မှုကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာထားပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနစ်ကစပြီး အခုနှစ်ဇူလိုင်လကုန်အထိ ဓာတ်ခွဲနမူနာ တစ်ရာကျော်ကို စစ်ဆေးခဲ့ပေမယ့် မျောက်ကျောက်ရောဂါ အတည်ပြုလူနာမတွေ့သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

Most read this week

January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...
January 28, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ ဖိအားကြောင့် ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တချို့ဟာ...