နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး

နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် သေဆုံးသူအရပ်သား ၁၃ ဦးအထိသေဆုံးခဲ့ရတယ်လို့ ကယ်ဆယ်ရေးမှာပါဝင်ကူညီနေသူ တွေ ဆီကသိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။

“ဆုံးသွားတဲ့သူကတော့ ၁၃ ယောက်ပေါ့နော်။ ကလေးငယ်တွေရော ကိုယ်ဝန်ဆောင်ရောပဲ။ အဲ့ဒီကိုယ်ဝန်သည်ဆိုမိသားစု၃ယောက် မိသားစုလိုက်ပေါ့ အဖေရယ် ကလေးရော ကိုယ်ဝန်ဆောင်ထားရတဲ့ အမေဖြစ်သူ ရောပေါ့”လို့ ကယ်ဆယ်ရေးမှာကူညီဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ညဈေးအနီးတစ်ဝှိုက်ကနေအိမ်တွေနဲ့ ကျားဖြူခန်းမအနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၅ ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်း မနက်ပိုင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒီနေ့ နေ့လည်ထိနောက်ဆုံးရရှိထားတဲ့အချက်အလက်အရ သေဆုံးသူ ၁၃ ဦးထိရှိလာပြီး အခုလက်ရှိမှာတော့ထိခိုက်ပျက်ဆီးသွားတဲ့ နေအိမ် ၆ လုံးနဲ့ အဆောက်အဦးတွေကိုရှင်းလင်းမှုတွေလုပ်နေသလို သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပေါင် ၅၀၀ ဗုံးသီးကိုအသုံးပြုကြဲချခဲ့တာဖြစ်ပြီး အခုတော့ နမ့်ခမ်းဒေသခံတွေဟာ ထိတ်လန့်နေကြပြီး ဈေးတွေလည်းပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ညရောနေ့ပါဈေးရောင်းတဲ့ ပါပ်ပွဲ(ပန်ပွဲ) ဆိုတဲ့နေရာပေါ့။ နမ့်ခမ်းည‌ဈေးပေါ့ အခုတော့ ဈေးတွေလည်းပိတ် ထားရတယ်။ “လို့ဒေသခံတစ်ဦးကပြောပါတယ်။

နမ့်ခမ်းမြို့နယ်ဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပြီးတော့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ တအာင်းတပ်မတော် TNLA နမ့်ခမ်းမြို့ကိုအုပ်ချုပ်တဲ့နောက်ပိုင်းပထမဆုံးအကြိမ်ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၃ရက်နေ့မှာ မန်တုံမြို့နယ်ကို  ၄ ရက်နေ့မှာ သီပေါမြို့တို့ကို လည်းလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတ်ပဟာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ TNLA ကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ TNLA/MNDAA/ AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စက်တင်ဘာလ ၂ ရက်နေ့ရက် ထုတ်ပြန်ကြေညာထားတာလည်းဖြစ်ပါတယ်။

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...