ပြည့်သူ့လုံခြုံရေး၊ စစ်မှုထမ်းနှင့် အငြိမ်းစားစစ်မှုထမ်းတို့ကို ထောက်ပံ့ရန်ဟုဆိုကာ ငွေကြေးကောက်ခံမှုပိုမိုတင်းကြပ်လာ

ပြည့်သူ့လုံခြုံရေး၊ စစ်မှုထမ်းနှင့် အငြိမ်းစားစစ်မှုထမ်းတို့ကို ထောက်ပံ့ရန်ဟုဆိုကာ ငွေကြေးကောက်ခံမှုပိုမိုတင်းကြပ်လာ

ပြည့်သူ့လုံခြုံရေး၊ စစ်မှုထမ်းသင်တန်းဆင်းများနှင့် အငြိမ်းစားစစ်မှုထမ်းဟောင်းများကို ထောက်ပံ့ရန်ဆိုကာ ရေးမြို့နယ်တွင် ငွေကြေးကောက်ခံမှု ပိုမိုတင်းကြပ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရေးမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် စစ်ကောင်စီအဖွဲ့တို့ တွေ့ဆုံခဲ့ပြီး ဩဂုတ်လမှစ၍ ရေးမြို့ပေါ်အတွင်း အိမ်ထောင်စုတစ်စုလျှင် လစဉ်ငွေ ၁ သောင်းကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ပြည့်သူ့လုံခြုံရေး၊ စစ်မှုထမ်းများနှင့် အငြိမ်းစားစစ်ဝန်ထမ်းဟောင်းတို့ကို ထောက်ပံ့ပေးရန်အတွက် အဆိုပါငွေများကို အသုံးပြုမည်ဟု ပြောဆိုခဲ့သည်။

ယခင်က စစ်မှုထမ်းတပ်သားတို့အတွက်ဆိုကာ ငွေကျပ်ထောင်ဂဏာန်းသာပေးသွင်းရသော်လည်း လက်ရှိတွင် သောင်းဂဏန်းအထိဖြစ်လာပြီး သက်ဆိုင်ရာနေရာတွင် ကိုယ်တိုင်ပေးချေနေရသည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။

“ ဩဂုတ်လမှာ သီရိမာလာရပ်ကွက်နဲ့ သီရိနန္ဒာကတော့ ပေးပြီးပြီး တစ်အိမ်တစ်သောင်း။ ပိုက်ဆံက သူတို့အိမ်ထိ မလိုက်ဘူး။ ကိုယ်ကသွားပေးရတယ်။ တိုးတိုးတိတ်တိတ်ပဲသွားပေးရတယ်။ ပြီးတော့ ဇေယျာနဲ့ ခိုင်မာရပ်ကွက်ကတော့ ငွေကြေးသိပ်အဆင်မပြေကြတော့ မပေးနိုင်ကြဘူး၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ မသိသေးဘူး” ဟု ရေး‌ဒေသခံတစ်ဦးက ဆိုသည်။

၎င်းအပြင် ရေးမြို့ပေါ် ရပ်ကွက်တစ်ကွက်လျှင် လူ ၁၅ ယောက်နှုန်းဖြင့် ပြည့်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်ရမည်ဟု ပြောဆိုထားသည်ဟု သိရသည်။

အသက်ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ၊ စစ်မှုထမ်းဟောင်းတို့ ပြန်လည်စစ်မှုထမ်းရန် ဥပဒေများအပြင် အသက် ၃၅ နှင့် ၆၅ နှစ်ရှိသူများပါဝင်သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့များကို စစ်ကောင်စီမှ  ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း စတင်ဖွဲ့စည်းခဲ့သည်။

စစ်မှုထမ်းသင်တန်းဆင်းတို့ကို လစာငွေ ၄၅၀၀၀၀ ကျပ် ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တို့ကို နေ့စားခတစ်ရက် ၆၈၀၀ ကျပ်နှင့် အငြိမ်းစားယူထားပြီး ပြန်လည်စစ်မှုထမ်းသူတို့ကို စစ်တပ်ဝန်ထမ်းလစာအတိုင်း ပေးသွားမည်ဆိုသော်လည်း အဆိုပါငွေကြေးတို့ကို ဒေခံပြည်သူတို့ထံ ကောက်ယူနေခြင်းကြောင့် များစွာနစ်နာမှုရှိနေသည်ဟု စစ်မှုထမ်းကြေးပေးဆောင်နေရသည့် ချောင်းဆုံ ဒေသခံတစ်ဦးက ဆိုသည်။

“တစ်ရက်လုပ်အားခ တစ်သောင်းခွဲရတယ်။ အဲ့ဒီပိုက်ဆံက ဒီကုန်ဈေးနှုန်းနဲ့ဆိုရင် ကိုယ်မိသားစု စားဖို့အတွက်တောင် အဆင်မပြေ‌နေဘူး။ နောက်ပြီး အလုပ်က ရှိတဲ့နေ့မှရှိတာ နေ့တိုင်းရှိနေတာ မဟုတ်ဘူး။ စစ်မှုထမ်းရမဲ့လူအတွက်ပါ‌ ထည့်ပေးနေရတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး” ဟု ဆိုသည်။

မွန်ပြည်နယ်အတွင်း ပြည့်သူ့လုံခြုံရေး၊ စစ်မှုထမ်းနှင့်အငြိမ်းစားစစ်သားဝန်ထမ်းတို့အတွက် တစ်နေရာနှင့်တစ်နေရာ ထောက်ပံ့ကြေးနှုန်း မတူညီဘဲ ၁၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိ ပေးဆောင်နေရသည်ဟု သိရသည်။

လက်ရှိတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဟုဆိုကာ အိမ်ထောင်ဦးစီးအရွယ်ရှိသည့် အမျိုးသားတို့ကို ပြည်သူ့စစ်လုပ်ရန် ဆွဲသွင်းလာခြင်းကြောင့် ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် ပြည်သူ့တို့ လုံးဝမပါဝင်ပတ်သတ်ရန္ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ မွန်ပြည်တော်လှန်ရေးတပ်၊ မွန်ပြည်ကာကွယ်ရေးတပ်တို့က စက်တင်ဘာလ ၂ ရက်နေ့တွင် သတိပေးစာထုတ်ပြန်ထားကြောင်းသိရသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...