ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်နေချိန် လမ်းသစ်ဖောက်၍ စစ်ကောင်စီ ကုန်သွယ်မှုလုပ်နေ

ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်နေချိန် လမ်းသစ်ဖောက်၍ စစ်ကောင်စီ ကုန်သွယ်မှုလုပ်နေ

တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုင်ငံတဝန်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းအများစု ရပ်တန့်နေချိန်တွင် စစ်ကောင်စီသည် ကုန်သွယ်ရေးလမ်းကြောင်းအသစ်များ ဖောက်၍ ကုန်သွယ်မှုပြုလုပ်ရန် ကြိုးပမ်းလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar)၏ အစီရင်ခံစာတွင် ဖော်ပြသည်။

နိုင်ငံတဝန်းတွင် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း ၁၇ ခုရှိသည့်အထဲမှ ၅ ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီး အများစုသော ကုန်သွယ်ရေးစခန်းများမှာ လည်ပတ်နိုင်ခြင်း မရှိတော့ကြောင်း ဩဂုတ် ၁၆ ရက်ထိ ပြုစုထားသည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

“ ပုံမှန်လည်ပတ်နေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ရပ်တန့်သွားပြီးနောက် လမ်းသစ်ကို ရှာဖွေနိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေပါတယ်” ဟု ISP-Myanmar က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ရှိသည့် မယ်စဲ့စခန်းနှင့် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးတွင် ရှိသည့် ရိဒ်စခန်းတို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။

အချို့နယ်စပ်ကုန်သွယ်မှုစခန်းများမှာလည်း တိုက်ပွဲဖြစ်ပွားနေမှုနှင့် လမ်းပိုင်းလုံခြုံမှု မရှိခြင်းတို့ကြောင့် ရပ်စဲထားကြရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ထိုင်း-မြန်မာ ကုန်သွယ်ရေးကို ရန်ကုန်-ကော့သောင်း- ရနောင်းကို ရေလမ်းမှ တစ်ဆင့် ကုန်သွယ်ရန်လုပ်ဆောင်နေသည့်အပြင် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေးကိုလည်း မောင်တောနှင့် စစ်တွေအစား ရန်ကုန်မှတစ်ဆင့် ရေလမ်းကြောင်းကို အစားထိုး အသုံးပြုနေသည်။

ယင်းအပြင် တရုတ်နှင့် ကုန်သွယ်ရေးကို ရှမ်းပြည်နယ်၊ တောင်ကြီး- ကျိုးတုံလမ်းမှ တစ်ဆင့် မိုင်းလားဂိတ်ကို အသုံးပြုနေသည့်အပြင် တာချိတ်လိတ် အရှေ့ဖက်ရှိ ဝမ်ပုံဆိပ်ကမ်းကို အသုံးပြုပြီး လမ်းသစ်ဖောက်ခြင်းမျိုးလည်း ဖြစ်နိုင်ခြေရှိကြောင်း ISP-Myanmar၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ပုံမှန်လည်ပတ်နေသည့် နယ်စပ်ကုန်သွယ်လမ်းကြောင်းများ ရပ်တန့်လာပြီးနောက်တွင် တရားမဝင် ကုန်သွယ်မှုများလည်း မြင့်တက်လာကြောင်း ISP- Myanmar က ဆိုသည်။

“ ၁၀၂၇ စစ်ဆင်ရေး အစကတည်းက စစ်ကောင်စီက သူတို့ကို တော်လှန်တဲ့ဒေသတွေမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ အားလုံးကို ပိတ်ဆို့ပြီး ပြည်သူတွေကို ဖြတ်လေးဖြတ် လုပ်ထားတယ်။ နောက် နယ်စပ်ကုန်သွယ်ရေးစခန်းတွေရှိတဲ့ မြို့တွေမှာလည်း တိုက်ပွဲတွေ ဖြစ်လာတယ်။ ဆိုတော့ ကုန်သည်တွေက တရားဝင်ကုန်သွယ်ရေးထက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုန်သွယ်လို့ရတဲ့ လမ်းကြောင်းတွေကို ရှာဖွေလာကြတယ်” ဟု ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် မောင်တောမြို့နယ်၊ ကညှင်ချောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေမြို့နယ်၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတို့ရှိပြီး အဆိုပါကုန်သွယ်ရေးစခန်းတို့မှာ တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစကာ ရပ်တန့်နေသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၊ အရှေ့ပိုင်း မိုင်းလားဒေသကိုဖြတ်ပြီး ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံကို ကုန်သွယ်နေကြသည့်အပြင် ကချင်ပြည်နယ် ကန်ပိုက်တီစခန်း၊ တနင်္သာရီတိုင်း မောတောဂိတ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူဂိတ်တို့တွင် တရားမဝင်ကုန်သွယ်မှု အလုပ်ဖြစ်နေကြောင်း ISP-Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...