ထားဝယ်မှာ မျောက်ကျောက်ရောဂါ သံသယ လူနာတစ်ဦး တွေ့ရှိ

ထားဝယ်မှာ မျောက်ကျောက်ရောဂါ သံသယ လူနာတစ်ဦး တွေ့ရှိ

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး မျောက်ကျောက်ရောဂါ သံသယ လူနာအဖြစ် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သံသယ လူနာအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ မလေးရှားနိုင်ငံကနေ လေကြောင်းလိုင်းနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပြီး ဇူလိုင်လဒုတိယအပတ်မှာတော့ ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်ကို ရောက်ရှိခဲ့တာပါ။

အဲဒီ‌နောက် ဩဂုတ် ၂၉ ရက်နေ့မှာ ရောဂါလက္ခာဏာ စတင်ဖြစ်ပွားလာပြီး ထားဝယ်မြို့ မယ်ဒီလန်းဆေးရုံမှာ သွားရောက်ကုသရာမှ မယ်ဒီလန်းဆေးရုံကနေတစ်ဆင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ လက်ရှိသံသယ လူနာအမျိုးသမီးကို ထားဝယ်ပြည်သူ့ဆေးရုံကြီးက အရေးပေါ်ကြပ်မတ်ကုသဆောင်မှာ သံသယလူနာအဖြစ် ထားပြီး ကုသနေတယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသမီးဟာ ထားဝယ်ဆေးရုံကို မပြသခင် မယ်ဒီလန်းဆေးရုံမှာ တက်ရောက်ကုသချိန် ဆေးရုံဝန်ထမ်းအချို့နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့် ထားဝယ်မြို့နယ်က ဒေသခံ ပြည်သူတွေကြားမှာ စိုးရိမ်မှုမြင့်တက်နေတယ်လို့ ဆိုပါတယ်။

မျောက်ကျောက်သံသယလူနာ တွေ့ရှိတာနဲ့ ပတ်သက်ပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မျောက်ကျေက်ရောဂါဟာ တိရစ္ဆာန်တွေမှ တစ်ဆင့် ကူးစက်တဲ့ ရောဂါနဲ့ လူအချင်းချင်း ကူးစက်ခြင်းတဲ့ ရောဂါ ဆိုပြီး နှစ်မျိုးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အရ သိရပါတယ်။

အဲဒီရောဂါဟာ ရောဂါပိုးသူရှိသူနဲ့ မျက်နှာချင်းဆိုင် စကားပြောတာ၊ အသက်ရှူရှိုက်တာနဲ့ နီးနီးကပ်ကပ်ရှိ အနေအထားတွေမှာ အမှုန်အမွှားတွေကြောင့် ကူးစက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ရောဂါပိုး ကူစက်ခံရသူဟာ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ခါးနာတာ၊ အားအင်ကုန်ခမ်းတာ၊ ပြန်ရည်အိမ်တွေ ရောင်ရမ်းတာ၊ အရေပြားပေါ်မှာ အနီကွက်တွေ ထွက်တာနဲ့ အဖုအပန့်တွေနဲ့ အရည်ကြည်ဖုတွေ ထွက်တာစတဲ့ ရောဂါလက္ခဏာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

မျောက်ကျောက်ခေါ် Mpox ရောဂါဟာ လူတွေမှာ ကူးစက်ဖြစ်ပွားခြင်းကို ၁၉၇၀ ခုနှစ်ကစပြီး ကွန်ဂိုနိုင်ငံအပါအဝင် အာဖရိကနိုင်ငံ ၁၁ နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး Mpox ရောဂါဖြစ်ပွားလေ့မရှိတဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ ကပ်ရောဂါအသွင် ဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ မျောက်ကျောက်ရောဂါဟာ ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားနိုင်တာကြောင့် ရောဂါကူးစက်မှုကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာထားပါတယ်။

ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...