ရဲတံခွန်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ မြေမြှပ်မိုင်းကြောင့် ဒေသခံတို့အသက်အန္တရာယ်စိုးရိမ်နေရ

ရဲတံခွန်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ မြေမြှပ်မိုင်းကြောင့် ဒေသခံတို့အသက်အန္တရာယ်စိုးရိမ်နေရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီးရှိ Eon Saw Mon ရော်ဘာစက်ရုံအနီးနှင့် ရဲတံခွန်ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီအဖွဲ့တို့မှ မြေမြှပ်မိုင်းထောင်ထားခြင်းကြောင့် ဒေသခံခြံလုပ်ငန်းလုပ်ကိုင်သူနှင့် လမ်းသွားလမ်းလာတို့ အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု သိရသည်။

အဆိုပါနေရာတစ်ဝိုက်တွင် စစ်ကောင်စီအဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြားဖြစ်ပွားနေသည့် အနန်းကွင်းဗျူဟာစခန်း တိုက်ပွဲမပြင်းထန်မှီ သြဂုတ်လဆန်းပိုင်းမှာပင် မြေမြှပ်မိုင်းလာရောက် ထောင်ထားသည်ဟု ရဲတံခွန် ဒေသခံတစ်ဦးက ဆိုသည်။

၎င်းကြောင့် အဆိုပါနေရာတစ်ဝိုက်သွားလာသည့် ခြံလုပ်ငန်းလုပ်ကိုင်သူနှင့် လက်လုပ်လက်စားဒေသခံတို့ ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိနေသည့်အတွက် ဒေသခံတို့ စိုးရိမ်ကြောက်လန့်လျှက်ရှိသည်ဟု ဆိုသည်။

"တိုက်ပွဲမဖြစ်ခင်ကတည်းက မိုင်းထောင်ထားတယ်ဆိုတာ သူတို့(စစ်တပ်)ကိုယ်တိုင်ပြောတယ်လေ၊ ရွာအပြင်မှာရော ရွာအနီးဝန်းကျင်မှာရော ထောင်ထားတာရှိတယ်၊ သူတို့ကိုယ်တိုင်တောင် ရမ်းပြီးမပြေးရဲနေဘူး၊ စိုးရိမ်တာက ထင်းကရှာရမှာပဲချက်ပြုတ်ဖို့၊ ဟင်းသီးဟင်းရွက်ရောပေါ့ အဲနေရာမှာပဲ သွားနေရတော့ ထပ်နင်းမိမှာစိုးရတယ်လေ၊ ရှင်းလင်းမရှင်ရသေးဆိုတော့"ဟု ဆိုသည်။

Eon Saw Mon ရော်ဘာစက်ရုံအနီးတစ်ဝိုက်နှင့် ရဲတံခွန်ကျေးရွာဝန်းကျင်တွင် မြေမြှပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် သြဂုတ် ၂၂ ရက်နေ့မှစ၍ ယနေ့အထိ လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု ဒေသခံတို့ ပြောဆိုနေပြီး ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

၎င်းအပြင် မြေမြှပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတို့သည် စစ်ကောင်စီအဖွဲ့မှ သတင်းပိတ်ဆို့ထားခြင်းကြောင်းအရေးပေါ်ကား အချိန်မှီမရောက်ရှိနိုင်ခြင်းအပြင် သံဖြူဇရပ်ဆေးရုံတွင်သာ ဆေးကုသမှုခံနေရသည်ဟု သိရသည်။

" မော်လမြိုင်ဆေးရုံးအထိပေးမသွားဘူး၊ သူတို့သတင်းပိတ်ထားတယ်။ သံဖြူဇရပ်မှာပဲ ကုနေရတယ်၊ ရှင်ရင်လဲ ရှင်မယ်၊ သေသွားရင်လဲ သေသွားမယ် အဲဒီလိုဖြစ်နေတယ်။ အရင်က မိုင်းထိပြီး ဒဏ်ရာရသူနှစ်ယောက်ရှိတယ်။ သံဖြူဇရပ်က အမျိုးသားတစ်ယောက်က သေလာရှင်လာမသိတာကတစ်ယောက်၊ တစ်ယောက်က မိုင်ထိတဲ့အချိန်မှာ အဲဒီမှာကားဝင်မရလို့ အဲဒီနေရာမှာပဲသေသွားတယ်” ၎င်းက ဆိုသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ဗျူအားကုန်းအာ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေစဉ်တွင် သံဖြူဇရပ်-အနန်းကွင်း-ဘုရားသုံးဆူ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းကျရောက်ပေါက်ကွဲမှုအပြင် မြေမြှပ်မိုင်းကြောင့် ဒေသခံထိခိုက်သေဆုံးသူ ၆ ဦးထက်မနည်းရှိနေသည်ဟု သိရသည်။

ယခုနှစ်၂၀၂၄  ပထမ ၆ လတာကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေမြှပ်မိုင်းဒဏ်ရာကြောင့် ထိခိုက်သေဆုံးသူပေါင်း ၇၀၀ နီးပါးရှိခဲ့ကြောင်း ကုလသမဂ္ဂနိုင်ငံတကာ ကလေးမျာအရေးပေါ်ရန်ပုံငွေအဖွဲ့(UNICEF Myanmar)မှ ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။

ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...