ငွေသားရှားပါးနေ၍ သံတွဲနှင့် ဂွ စစ်ဘေးရှောင်များကို အကူအညီပေးရန် အခက်ကြုံ

ငွေသားရှားပါးနေ၍ သံတွဲနှင့် ဂွ စစ်ဘေးရှောင်များကို အကူအညီပေးရန် အခက်ကြုံ

ရခိုင်ပြည်၊ သံတွဲမြို့နယ် နှင့် ဂွမြို့နယ်တွင် တိုက်ပွဲများကြောင့် Online ငွေလွှဲ/ငွေထုတ်ဆိုင်များ ပိတ်ထား၍ ငွေသားများကို အလွယ်တကူထုတ်မရခြင်း၊ ငွေထုတ်ခ ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် စစ်ဘေးရှောင်များကို အကူအညီပေးရန် အခက်ကြုံနေရသည်ဟု ကူညီရေးလုပ်ဆောင်နေသူများက ပြောဆိုကြသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်နေခြင်းနှင့် ငွေလွှဲ/ငွေထုတ်လုပ်ကိုင်သူ နည်းပါးလာ၍ အလှူငွေများကို ငွေသားအဖြစ်ပြောင်းလဲရန် ခက်ခဲလာသဖြင့် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရာတွင် ကြန့်ကြာမှုများ ရှိလာသည်။

“ငွေထုတ်ပေးတဲ့သူတွေက အရင်လို အများမရှိတာကြောင့် အလှူငွေရရှိတာတွေကို ငွေသားပြောင်းရတာ ခက်ခဲတယ်။ တစ်ခါတစ်ခါဆိုရင် ငွေလွှဲမယ့်သူတွေကို လိုက်ရှာပြီး ငွေသားဖလှယ်ရတာတွေ ရှိတယ်။ ငွေသား အလွယ်တကူ မရနိုင်တဲ့အတွက် အလှူငွေကို စစ်ရှောင်တွေဆီ ထောက်ပံ့တာတွေမှာ ကြန့်ကြာမှုတွေရှိတယ်” ဟု သံတွဲမြို့နယ်မှ စစ်ဘေးရှောင်အရေးကူညီနေသူ တစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် ဇွန်လမှစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး Online Mobile Banking လုပ်ကိုင်သူ အများစုမှာလည်း လုပ်ငန်းများကို ရပ်နားထားကြသည်။

ငွေသားရှားပါးမှုနှင့်အတူ ငွေထုတ်ခနှုန်းထားမှာလည်း အဆမတန်မြင့်တက်နေပြီး ငွေတစ်သိန်းလျှင် ငွေထုတ်ခ ၁၅,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ ပေးနေရကြောင်း သိရသည်။

သံတွဲနှင့် ဂွမြို့နယ်သို့ ကုန်စည်တင်သွင်းသည့် လမ်းကြောင်းအားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထား၍  စားနပ်ရိက္ခာ၊ ဆေးဝါးများမှာ ပြတ်တောက်လာနေပြီး ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေသည်။

“စားသောက်ကုန်တွေနဲ့ ဆေးဝါးတွေက လုံးဝပြတ်တောက်နေတဲ့ အနေအခြေဖြစ်နေပြီ။ အထူးသဖြင့် ဆေးဝါးက ပိုပြီး ပြတ်တောက်နေတယ်။ စားနပ်ရိက္ခာက ဖြစ်သလို ရှာကြံပြီး စားသောက်နေကြလို့ ရသေးတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

ငွေသားရှားပါး၍ ကူညီထောက်ပံ့ရန် ကြန့်ကြာနေခြင်း၊ ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုတို့မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် ပို၍အခက်ကြုံစေသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် သံတွဲနှင့် ဂွမြို့နယ်အတွင်းက သောင်းနှင့်ချီသည့် ဒေသခံများမှာ လုံခြုံရာနေရာများတွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအပါအဝင် ဆေးဝါးအကူညီများ လိုအပ်နေကြောင်း သိရသည်။

သံတွဲ မောင်ရွှေလေးရေတပ်နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း အာရက္ခတပ်တော်က ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...