ရခိုင်မြောက်ပိုင်းမှ တပ်ဆုတ်လာခဲ့သည့် တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မာန်အောင်သို့ ပို့ဆောင်

ရခိုင်မြောက်ပိုင်းမှ တပ်ဆုတ်လာခဲ့သည့် တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မာန်အောင်သို့ ပို့ဆောင်

ရခိုင်ပြည်မြောက်ပိုင်းတွင် အာရက္ခတပ်တော်(AA) က ထိုးစစ်ဆင်သိမ်းပိုက်လိုက်သော မြို့နယ်များမှ တပ်ဆုတ်ခွာ ထွက်ပြေးလာခဲ့သည့် တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မာန်အောင်မြို့သို့ ပို့ဆောင်နေကြောင်း ခိုင်လုံသောသတင်းရင်းမြစ်ထံမှ သိရသည်။  

သံတွဲတိုက်ပွဲနှင့်အတူ ဂွမြို့နယ်ကိုလည်း AA က ထိုးစစ်ဆင်လာပြီးနောက် ဩဂုတ်လ ဒုတိယသီတင်းပတ်မှစ၍ တောင်ကုတ်မှတစ်ဆင့် စစ်သင်္ဘောများဖြင့် မာန်အောင်သို့ပို့ဆောင်ကာ စစ်အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။   

ခိုင်လုံသော သတင်းရင်းမြစ်တစ်ဦးက “အရင်ကတော့ ဧရာဝတီဘက်က တပ်သားတွေကို‌ ဖြည့်တင်းတယ်။ ဂွဘက်မှာ တိုက်ပွဲဖြစ်ပြီးနောက်မှာတော့ AA သိမ်းထားတဲ့မြို့တွေဆီက ထွက်ပြေးလာတဲ့တပ်သားတွေကို မာန်အောင်မှာ စုပြုံထားတယ်။ မျှော်တော်ဦးရေတပ်မှာလည်း စစ်ကူပို့ထားတယ်” ဟု ပြောသည်။

မာန်အောင်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် အင်အားဖြည့်တင်းကာ မြို့လုံခြုံရေးကို တိုးမြှင့်ထားပြီး ကြည်း၊ ရေတို့ဖြင့် ခံစစ်အခိုင်အမာ ပြင်ဆင်လျက်ရှိသည်။

မာန်အောင်ကျွန်းသည် စစ်ကောင်စီ၏ နောက်ဆုံးထွက်ပေါက်၊ နောက်ဆုံးခံတပ်ဖြစ်၍ အင်အားအလုံးအရင်းဖြင့် ခံစစ်အခိုင်အမာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသူများက ပြောကြသည်။

“တစ်ဖက်မှာလည်း ရေလမ်းကြောင်း ထွက်ပေါက်ဖြစ်တယ်။ ထွက်ခွာမယ်ဆိုရင် ဒီလမ်းက မဖြစ်မနေ သုံးရမယ့် လမ်းကြောင်းဖြစ်တော့ စစ်ကောင်စီရဲ့ နောက်ဆုံးမျှော်လင့်ချက်က ဒီမြို့ကို အခိုင်အမာလုပ်မယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း အခုလိုအင်အားဖြည့်နေတာ” ဟု စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူတစ်ဦးက ပြောသည်။

မာန်အောင်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲနေထိုင်မှုများ ရှိနေသည်။ မာန်‌အောင်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်နေသော်လည်း ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

“သံတွဲ၊ ဂွ တို့ တောင်ကုတ်ဘက်မှာ တိုက်ပွဲပြင်းနေတော့ မာန်အောင်လည်း တိုက်ပွဲဘယ်နေ့ဖြစ်မလဲဆိုပြီး စိုးရိမ်နေရတယ်။ တိုက်ပွဲဖြစ်လာရင် ငတ်ပြီးတော့ အရင်သေကြမယ်။ လူမှုကူညီရေးတွေလည်းမရှိ၊ ထွက်ပေါက်လည်းမရှိ၊ အားလုံး ဒုက္ခရောက်မယ်” ဟု မာန်အောင်မြို့ခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုရှိသည့်အထဲ မာန်အောင်မြို့နယ် တစ်ခုတည်း၌သာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေ။

လက်ရှိတွင် AA သည် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

မောင်တောမြို့မှာလည်း AA လက်သို့ ကျလုနီးပါးဖြစ်နေပြီး သံတွဲ၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...