ပလက်ဝနှင့် ဆမီးတွင် ၃ ပတ်ကျော်ကြာရေကြီးနေ၍ ဒေသခံ တစ်ထောင်ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ပလက်ဝနှင့် ဆမီးတွင် ၃ ပတ်ကျော်ကြာရေကြီးနေ၍ ဒေသခံ တစ်ထောင်ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် ၃ ပတ်ကျော်ကြာရေကြီးနေ၍ ဒေသခံ တစ်ထောင်ကျော် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

သြဂုတ်လအစပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်း၍ ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ရေနှင့် လေးမြို့မြစ်ရေတို့မြင့်တက်ကာ သမိန်ချောင်းရေလျှံမှုတို့ကြောင့် ပလက်ဝမြို့နှင့် ဆမီးမြို့တို့အပြင် ကျေးရွာပေါင်း ၂၀ ကျော်မှာ ရေကြီးရေလျှံနေခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါရေကြီးမှုမှာ ယနေ့သြဂုတ်လ ၂၇ ရက်အထိ ရေမကျသေးသလို မြစ်ကမ်းပါးအနီးရှိ လူနေအိမ်များမှာလည်း ရေစီးနှင့်မျောပါ ပျက်စီးသွားပြီး ပလက်၀မြို့နယ်ရှိ ပန်းဘွေ၊ ဗုဒ္ဓဂါမနှင့် ဝန်ချောင်းကျေးရွာမှ လူနေအိမ် ၃၀ ခန့်မှာ ပျက်စီးသွားသည်ဟုလည်း ဒေသခံများက ပြောသည်။

ဆမီးမြို့မှ မြို့ခံအမျိုးသမီးတစ်ဦးက "မိုးရွာတာနည်းရင် ရေကျသလိုရှိပေမဲ့ မိုးရွာလာရင် ရေပြန်တိုးပါတယ်။ ရေစီးနဲ့ နေအိမ်တွေပါသွားလို့ နေထိုင်ဖို့အခက်အခဲဖြစ်နေကြတယ်။ နီးစပ်ရာ ရေမနစ်တဲ့ အိမ်တွေမှာ မိသားစုတစ်စု နှစ်စုပေါင်းပြီး ရွေ့ပြောင်းနေထိုင်နေရပါတယ်။ ဆမီးမြို့မှာဆိုရင် ရပ်ကွက် ၁ နဲ့ ၂ အထိ ရေကြီးနေတယ်။ အိမ်တွေလည်း ရေနစ်နေတယ်"ဟု ပြောသည်။

အဆိုပါရေကြီးမှုနေမှုကြောင့် ပလက်ဝနှင့်ဆမီးမြို့အပြင် ကျေးရွာပေါင်း ၂၀ ကျော်မှ ရေဘေးသင့်ဒေသခံ တစ်ထောင်ကျော်မှာ စားနပ်ရိက္ခာများ အရေးပေါ် အကူအညီများ လိုအပ်ကြောင်းလည်း သိရသည်။

ပလက်ဝမြို့နယ်မှ ဒေသခံချင်းအမျိုးသားတစ်ဦးက "အရင်နှစ်တွေကလည်းရေကြီးပေမယ့် ဒီနှစ်က ရေပိုကြီးတယ်။ စားစရာတွေလည်း အကုန်ရေနစ်ကုန်လို့ အရေးပေါ်စားစရာတွေ အကူအညီတွေလိုအပ်နေပါတယ်" ဟုပြောသည်။

သြဂုတ်လ အစပိုင်းမှစတင်ကာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်း၍ လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေမြင့်တက်မှုကြောင့် ရခိုင်ပြည်အတွင်း မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...