မဏိပူရ်အကျဉ်းထောင်က မြန်မာဒုက္ခသည်တွေ ထောင်ကနေလွှတ်ပေးဖို့ တောင်းဆိုတာမရသေးတဲ့အတွက် အစာငတ်ခံ ဆန္ဒဆက်ပြမယ်

မဏိပူရ်အကျဉ်းထောင်က မြန်မာဒုက္ခသည်တွေ ထောင်ကနေလွှတ်ပေးဖို့ တောင်းဆိုတာမရသေးတဲ့အတွက် အစာငတ်ခံ ဆန္ဒဆက်ပြမယ်

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က စစ်ဘေးဒုက္ခသည် မြန်မာနိုင်ငံသားတွေကို ထောင်ကနေလွှတ်ပေးဖို့နဲ့ စစ်ကောင်စီထံလွှဲပြောင်းပေးတာမလုပ်ဖို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့မှုကို ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို တင််ပြပေးမယ်လို့ ကတိပြုထားပေမယ့် ယနေ့ချိန်ထိ ထူးခြားတဲ့ ရလဒ် မရရှိတာကြောင့်  ဒီကနေ့ သြဂုတ်လ ၂၆ ရက်နေ့က စတင်ပြီးထပ်မံ အစာငတ်ခံ ဆန္ဒပြမယ်လို့ သိရပါတယ်။

မဏိပူရ်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေက ထောင်ကနေ အမြန်ဆုံးလွှတ်ပေးဖို့ စစ်ကောင်စီထံပြန်လွှဲပြောင်းတာတွေ မလုပ်ဖို့ ဇွန်လ ၁၆ ရက်နေ့ကနေ ဇူလိုင် ၃ ရက်နေ့အထိအစာငတ်ခံ ဆန္ဒပြခဲ့ကြပြီးနောက် ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရထံ တင်ပြပေးမယ်လို့ ကတိပြုတာကြောင့် အစာငတ်ခံ ဆန္ဒပြတာ ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ - မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmarက ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို တင်ပြပေးမယ် ကတိပြုထားပေမယ့် ဒီကနေ့ချိန်အထိ ထူးခြားတဲ့ ပြောင်းလဲမှု အဖြေမရကြတာကြောင့် ဒီကနေ့ ကစလို့ ယောကျားလေး ၅၂ ဦးက အစာငတ်ခံပြီး အမြန်ဆုံးလွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုသွားဖို့ရှိတယ်။ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေအနေနဲ့ နိုင်ငံတကာက သိရှိ ကူညီပေးလာနိုင်ရေး ဝိုင်းဝန်းကာ ဖမ်းဆီးခံသူတွေ အသံတွေ ဖော်ထုတ်ပေးကြဖို့ India for Myanmar အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ပြောပါတယ်။

မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က စစ်ဘေးဒုက္ခသည် မြန်မာနိုင်ငံသားတွေအနေနဲ့ မဏိပူရ်အစိုးရက လက်ရှိမြန်မာစစ်ကောင်စီလက်ထဲ ပြန်မပို့ဘဲ သူတို့ကို မူလဖမ်းဆီးခဲ့တဲ့ မိုရေးမြို့ကိုဘဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၉၅ ဦးရှိပြီး အများစုဟာ စစ်ကိုင်းတိုင်းဒေသခံတွေနဲ့ ချင်းလူမျိုးတွေဖြစ်ကြပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း အင်ဖာထောင်ကနေ  မြန်မာဒုက္ခသည် ၃၈ ဦးကို မြန်မာနိုင်ငံကို ပြန်လွှဲပြောင်းတာမျိုး ရှိခဲ့ပါတယ်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...