ကော့သောင်းမှာ စစ်ကောင်စီ ဆန်ရောင်းဝယ်ခွင့်ကန့်သတ်

ကော့သောင်းမှာ စစ်ကောင်စီ ဆန်ရောင်းဝယ်ခွင့်ကန့်သတ်
ကော့သောင်းမှာ စစ်ကောင်စီ ဆန်ရောင်းဝယ်ခွင့်ကန့်သတ်
ကော့သောင်းမှာ စစ်ကောင်စီ ဆန်ရောင်းဝယ်ခွင့်ကန့်သတ်

တနင်္သာရီတိုင်း ကော့သောင်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဆန်ရောင်းဝယ်ခွင့် ကန့်သတ်လိုက်တာကြောင့် ဆန်ဝယ်ယူလို့မရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစပြီး ကော့သောင်းမြို့ပေါ်ရှိ ဆန်ဆိုင်တွေမှာ စစ်ကောင်စီက ဆန်ရောင်းဝယ်ယူခွင့် ပိတ်ပင်လိုက်တာကြောင့် နယ်တွေဘက်က ဆန်ဆိုင်တွေမှာ ဆန်ဝယ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

ဆန်ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်တာကြောင့် ကော့သောင်းမြို့နယ်က ရွှေပြည်စိုး၊ ရှစ်မိုင်၊ ကံပုံကြီးနား၊ ဆယ်မိုင်၊ ၁၄ မိုင်၊ ၁၂ မိုင်၊ တာညုံပါဒ၊ ၁၅ မိုင်၊ ဘန်းကချွန်၊ ၂၂ မိုင်နဲ့ မလိဝမ်းစတဲ့ ကျေးရွာ ၁၁ ရွာကျော်က ဆန်ဆိုင်တွေမှာ ဆန်ပြတ်လပ်နေတာပါ။

အမည်မဖော်လိုတဲ့ ဆယ်မိုင်ကျေးရွာ ဒေသခံတစ်ဦးက ဆန်ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်တဲ့ တချို့မိသားစုတွေဟာ ထမင်းစားရဖို့အရေး ဆန်ရှိတဲ့နေအိမ်တွေမှာ လိုက်လံချေးငှား စားသောက်နေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ဆန်ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်တာဟာ တောထဲကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဆီ ဆန်ထောက်ပံ့ပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန်ဆိုင်တွေကို ဆန်မရောင်းခိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း မြို့ထဲကဆန်ဆိုင်အချို့မှာ ဆန်အနည်းငယ်ကို ဦးရာလူစနစ်နဲ့ တစ်အိမ်ထောင်ကို ဘယ်နှစ်ပြည်နှုန်း ခွဲတမ်းကျရောင်းပေးနေတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ကော့သောင်း ခရိုနီသူဌေးကြီးတွေက ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိ ကော့သောင်းမှာ ထိုင်းဘက်ခြမ်းကဝင်တဲ့ ထိုင်းဆန်တွေရှိပေမယ့် ဆန်တစ်အိတ်ကို ဘတ် ၁၀၀၀ ကျော် ဈေးပေါက်နေတာကြောင့် အခြေခံလူတန်းစားပြည်သူတွေအနေနဲ့ ဝယ်မစားနိုင်ဘဲ အခက်အခဲဖြစ်နေကြတာပါ။

တနင်္သာရီတိုင်းမှာတော့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီနဲ့ ပုလောမြို့တွေမှာ စစ်ကောင် စီက ဆန်အပါအဝင် ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတာဖြစ်ပြီး အခုအခါ ကော့သောင်းမြို့နယ်မှာလည်း ဆန်ရောင်းဝယ်ခွင့် ကန့်သတ်လာတာ ဖြစ်ပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...