ရသေ့တောင်က စစ်ဘေးရှောင် ငါးသောင်းကျော် စားဝတ်နေရေး အကျပ်အတည်းဖြစ်နေ

ရသေ့တောင်က စစ်ဘေးရှောင် ငါးသောင်းကျော် စားဝတ်နေရေး အကျပ်အတည်းဖြစ်နေ

တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်မှာ စားဝတ်နေရေးအကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) မှ တာဝန်ရှိသူတစ်ဦးက “အခုလက်ရှိကတော့ ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေကြသလို ဆေးဝါးတွေလည်း တော်တော်လိုအပ်နေကြတယ်” ဟု ပြောသည်။

PYA အနေဖြင့် ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်နေသော်လည်း လုံလောက်မှုမရှိသေးကြောင်း ပြောသည်။

ရသေ့တောင်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် အကူအညီအထောက်အပံ့ ရရှိမှုနည်းပါးသည်။ လက်ရှိတွင် စစ်ဘေးရှောင်များသည် တစ်နေ့တာစားရေးအတွက် ကြုံရာကျပန်းလုပ်ကိုင်ကာ ဖြေရှင်းနေကြရသည်။

ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက “လမ်းခရီးကြမ်းတာတွေ၊ ဖုန်းလိုင်းမရတာတွေကြောင့် အဖွဲ့အစည်းတွေ သိပ်မရောက်ကြတာထင်တယ်။ ကျနော်တို့အခြေအနေကိုလည်း မသိနိုင်ကြဘူး။ ဒီက စစ်ဘေးရှောင်တွေကတော့ ငါးရှာ၊ ဟင်းခူး၊ အငှားလိုက်နဲ့ ဖြစ်သလို လုပ်စားနေကြတယ်” ဟု ပြောသည်။

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသော ရခိုင်ဒေသတွင် ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး ထိုအခက်အခဲများကို စစ်ဘေးရှောင်များ ပိုမိုခံစားကြရသည်။

“နေ့တိုင်း ထမင်းနှစ်ထပ်စားနိုင်ဖို့ ရုန်းကန်နေရတဲ့အချိန်မှာ နေမကောင်းတစ်ခုခုဖြစ်ရင် ဆေးဝယ်သောက်ဖို့ အရမ်းခက်အခဲရှိပါတယ်။ အလုပ်အကိုင်လည်းမရှိ၊ ကုန်ဈေးနှုန်းတွေကလည်း မိုးပေါ်ထိုးတက်နေတော့ ကျမတို့မှာ လိုက်မမီနိုင်ဖြစ်နေရပါတယ်” ဟု ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒေသခံများ ဝင်ရောက်နေထိုင်ခွင့်ကို တားမြစ်ထားသေးသည်။

စစ်ရေးပဋိပက္ခကြောင့် ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်အထိ တိုးလာနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာများ အရေးပေါ်လိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်သည်။

ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...
ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...