ချင်းတော်လှန်ရေးအစုအဖွဲ့များကြား အပြန်အလှန်တန်းတူ အသိအမှတ်ပြု အားနည်းခြင်းကြောင့် ပဋိပက္ခပေါ်ပေါက်စေလို့ CCM စစ်တမ်းဖော်ပြ

ချင်းတော်လှန်ရေးအစုအဖွဲ့များကြား အပြန်အလှန်တန်းတူ အသိအမှတ်ပြု အားနည်းခြင်းကြောင့် ပဋိပက္ခပေါ်ပေါက်စေလို့ CCM စစ်တမ်းဖော်ပြ

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုအားနည်းခြင်းက ချင်းတော်လှန်ရေး အစုအဖွဲ့တွေအကြားပဠိပက္ခပေါ်ပေါက်စေတဲ့အရင်းအမြစ်အဖြစ် စစ်တမ်းဖြေဆိုသူအများစုကထောက်ပြကြောင်း Chin Civic Movement (CCM) က ဇူလိုင်လ ၁၈ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ ၂ ပတ်အကြာ ကောက်ယူတဲ့ ချင်းလူထု သဘောထား စစ်တမ်းနဲ့ သြဂုတ်လ ၂၁ ရက်နေ့ မှာ CCM ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရှိရပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF )ဦးဆောင်တဲ့ Chinland Council အင်အားစုနဲ့ ချင်းညီနောင်အဖွဲ့ ချင်း အချင်းချင်းကြား လက်ရှိဖြစ်နေတဲ့ ပဠိပက္ခတွေနဲ့ ပတ်သက်ပြီး Chin Civic Movement (CCM)က စစ်တမ်းကောက်ယူခဲ့ပြီး ချင်းလူမျိုးနွယ်စု ၃၅ မျိုးနွယ်စုပါဝင်တဲ့ လူဦးရေ ၁၀၁၀ ဦးက စစ်တမ်းဖြေဆိုထားပါတယ်။

Chin Civic Movement (CCM) ကတာဝန်ရှိသူ တစ်ဦးက “လူအယောက် ၁ထောင်ကျော် ဖြေဆိုထားတာဖြစ်တာမို့လို့ အနည်းဆုံး ၉၅ ရာခိုင်နှုန်း ယုံကြည်မှုရှိတယ် ဒါသည် ချင်းလူထုတစ်ခုလုံးရဲ့ အသံကို လွှမ်းခြုံနိုင်တယ် ကိုယ်စားပြုနိုင်တယ်ဆိုတာ ယုံကြည်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ်။

စစ်တမ်းကောက်ယူမှုကို Google Form အသုံးပြုပြီး အင်တာနက် လူမှုစာမျက်နှာကနေ တဆင့်ဖြန့်ဝေပြီး အင်တာနက် ခက်ခဲတဲ့ ချင်းပြည်အတွင်းက လူထုအသံကိုတော့ CCM အဖွဲ့အဝင်တွေက လူမှုကွန်ယက်နဲ့ မြေပြင်အချိတ်အဆက်တွေနဲ့ နှစ်ပတ်တိုင်တိုင် ကောက်ယူခဲ့ကြောင်း၊ဖြေဆိုသူအများစုက ရွှေ့ပြောင်းနေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေ ပါဝင်သလို မြို့နယ်ခြားကို ပြောင်းရွှေ့နေထိုင်သူ အများစုပါဝင်ပြီး ပြည်ပက ၅၂ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံပြည်တွင်းကနေ ၃၇ ရာခိုင်နှုန်း နဲ့ အိန္ဒိယ နိုင်ငံကနေ ၁၀ ရာခိုင်နှုန်း နဲ့ ထိုင်းနယ်စပ်က ၁ ရာခိုင်နှုန်းကနေ ဖြေဆိုကြတာလို့လည်း CCM ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲကနေသိရပါတယ်။

ချင်းအချင်းချင်းကြား ပဠိပက္ခကို ဖြစ်စေတာဟာ ချင်းတော်လှန်ရေးအဖွဲ့များ အကြား နားလည်မှုတည်ဆောက်ရန် အားနည်းခြင်းကြောင့်လို့ စစ်တမ်းဖြေဆိုသူ အများစုက CCM ရဲ့စစ်တမ်းမှာ ဖြေကြပါတယ်။

CCM ရဲ့စစ်တမ်းမှာ ချင်းလက်နက်ကိုင်အချင်းချင်းအကြား ပဠိပက္ခက တော်လှန်ရေးရည်မှန်းချက်ပြည့်မြောက်စေရေးကို နှောင့်နှေးစေနိုင်တယ်လို့ အများစုက ဖြေဆိုထားကြပြီး ချင်းလူမျိုးစုအချင်းချင်းအကြား မျိုးရိုးစဉ်ဆက် အမုန်းတရားပြန့်ပွားတည်ရှိစေနိုင်တယ်လို့လည်း စိုးရိမ်ချက်ကို ဖြေဆိုကြတယ်လို့ သိရပါတယ်။

May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...
May 22, 2026
နေရပ်ပြန်မယ့် ဖလမ်းမြို့ ဒေသခံတွေအတွက် ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က...
May 21, 2026
စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း  တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့...
May 20, 2026
ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို...