AA ထိန်းချုပ်ထားသည့် ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေ

AA ထိန်းချုပ်ထားသည့် ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေ

အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။

ကျိန္တလီမြို့ကို လေကြောင်းအပြင် ရေကြောင်းနှင့် ဂွအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ်တိုက်ခိုက်နေ၍ နေအိမ်အဆောက်အအုံ၊ ဈေးအပါအဝင် ဘာသာရေးအဆောက်အုံ ပျက်စီးမှုများရှိနေသည်။

“သူ့တို့က တန်ပြန်ထိုးစစ်ဆင်နေတဲ့ သဘောမျိုးပေါ့။ အဓိကတော့ လေကြောင်းနဲ့ပစ်တယ်။ ဗုံးကြဲတာက တစ်မျိုး၊ လက်နက်ကြီးဒဏ်ကတစ်မျိုးနဲ့ မြို့မှာအဆောက်အအုံတွေ မကျန်တော့ဘူး။ ဒေသခံတွေလည်း ရှိတယ်နေသေးတယ်လို့ သိရတယ်။ ဆက်သွယ်ရတာခက်ခဲတော့ ထိခိုက်မှုရှိလားမရှိလားဆိုတာ မပြောနိုင်ဘူး” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။

ကျိန္တလီမြို့တွင် ဒေသခံတချို့ ပိတ်မိနေသေးပြီး စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် ကယ်ထုတ်ရန် အခက်အခဲများရှိနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

 

ဩဂုတ်လ ၁၅ ရက်တွင် ဂျက်ဖိုင်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့၍ မြို့တွင်းရှိ ခရစ်ယာန်ဘုရားကျောင်းသို့ ကျရောက်ပေါက်ကွဲကာ ဘုရားကျောင်းတွင်ခိုလှုံနေသည့် အရပ်သား ၁၁ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။

“စစ်ကောင်စီရဲ့ မိုက်ရူးဆန်တဲ့လုပ်ရပ်တွေကြောင့် အရပ်သားတွေက အပြစ်မဲ့စွာနဲ့ ထိခိုက်သေဆုံးနေရတယ်။ ကျနော်တို့ကတော့ ဒီလုပ်ရပ်တွေအပေါ် ပြင်းပြင်းထန်ထန်ကန့် ကွက်ရှုတ်ချတယ်” ဟု လူရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ကျိန္တလီမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှာ အာရက္ခတပ်တော် ထိုးစစ်ကြောင့် ဩဂုတ် ၁၃ ရက်တွင် ကုလားပြင်ရွာဘက်သို့ တပ်ဆုတ်ကာ အထိုင်ချနေရာယူထားသည်။

စစ်ကောင်စီတပ်စွဲထားသော ကျိန္တလီ - ဂွကားလမ်း ကုလားပြင်(ရတနာမြိုင်)ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်။

ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်က တိုက်ပွဲဖော်ဆောင်ကာ တပ်စခန်းများကို သိမ်းပိုက်လာပြီးနောက် ခမရ ၅၆၂၊ ခမရ ၅၆၃ အခြေစိုက်ထားသည့် ဂွမြို့ကို အင်အားတိုးမြှင့်ကာ ခံစစ်အခိုင်အမာပြင်ထားသည်။

ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...
ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...