လက်နက်ပြန်အပ်သည့် ပြည်သူ့ စစ်ခေါင်းဆောင်အချို့ BGF ထံ ခေတ္တသွားခိုလှုံ

လက်နက်ပြန်အပ်သည့် ပြည်သူ့ စစ်ခေါင်းဆောင်အချို့ BGF ထံ ခေတ္တသွားခိုလှုံ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံခရိုင်)၊ တပ်မဟာ-၁ နယ်မြေအတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ခေါင်းဆောင်တစ်ချို့သည် စစ်ကောင်စီထံ လက်နက်ပြန်အပ် ပြီးနောက် ကရင်နယ်ခြားစောင့်တပ်-BGF ထံ ခေတ္တသွားရောက်ခိုလှုံလျက်ရှိသည်ဟု BGF တာဝန်ရှိသူက ပြောသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ခေါင်းဆောင်အချို့သည် ဩဂုတ်ဒုတိယအပတ်အတွင်းက စစ်ကောင်စီထံ ယခုလို လက်နက် ပြန်အပ်ခဲ့ပြီးနောက် လုံခြုံရေးအတွက် ကရင်နယ်ခြားစောင့်တပ်-BGF၊ အမှတ် ၁၀၁၄ တပ်ရင်း၊ ဗျူဟာမှူးဗိုလ်မှူးစောတင်ဝင်းထံ သွားရောက်ခိုလှုံ နေခြင်းဖြစ်သည်။

“သူတို့အဲမှာ နေရတာမလုံခြုံဘူး။ ဟိုပြောဒီပြော ကြောက်ရတာတွေရှိတော့၊ အဲဒါကြောင့် ကျနော်တို့ဆီမှာ ခဏ လာရှောင်နေတာ ဖြစ်တယ်။ တချို့ ပြောနေတာရှိတယ်၊ ကျနော်တို့ဆီလာပြီး အစုလိုက်ပြန်ဆင်းမယ် ဆိုတာတွေ အဲဒါတွေကမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ခဏလာရှောင်တယ်။ ပြီးရင်နယ်မြေခံအဖွဲ့တွေနဲ့ နားလည်သဘော ပေါက်အောင် အချင်းချင်းတွေ့ဆုံညှိနှိုင်းပြီးရင် သူတို့ပြန်မှာပါ” ဟု ဗျူဟာမှူး၊ ဗိုလ်မှူးစောတင်ဝင်းက ပြောသည်။

ယခုလို လာရောက်ခိုလှုံသူ ပြည်သူ့စစ်အဖွဲ့ဝင် အင်အား ၁၀ ဦး ကျော်ရှိကာ သက်ကြီးခေါင်းဆောင်ပိုင်းများ ပါဝင် သလို သက်ငယ်အဖွဲ့ဝင် တစ်ချို့ပါဝင်သည့်အတွက် BGF ထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်ပါက ဝင်ခွင့် ပြုသွားမည်ဟု ၎င်းက ကေအိုင်စီသို့ ဖြည့်ဆွက်ပြောသည်။

ဒေသတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း-၁ နယ်မြေထဲရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် များကို စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မပြုလုပ်ရန် လက်နက်များကို လာအပ်ရန် စာထုတ်ခဲ့ပြီးနောက် ထိုဒေသရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက စစ်ကောင်စီထံ ဩဂုတ် ၁၀ ရက်နေ့တွင် လက်နက်ပြန်အပ်ခဲ့သည်။

“စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ကျနော်တို့က ပြည်သူ့စစ်တွေကို သတိပေးပြီး သူတို့လက်နက်ပြန်အပ်လိုက်တယ်။ တချို့က ခံဝန်လက်မှတ်လာထိုးတာရှိတယ်။ ရွာမှာအေးဆေးပြန်နေ တာဘဲ။ သူတို့ ပတ်သက်မှုမရှိတော့ရင်ရပြီး အားလုံးအရပ်သားလူထုလို ဖြစ်သွားရင် ကျနော်တို့ကသူတို့ကို ဘာမှ သွားပြီး ခြိမ်းခြောက်ဖို့ အကြောင်းမရှိဘူး။ ခေါင်းဆောင်တချို့က ဟိုကြောက်ဒီကြောက်တော့ ဟိုအဖွဲ့ဒီအဖွဲ့တွေဆီမှာ သွားပြီး ရှောင်တာတော့ရှိတယ်” ဟု ဒေသတွင်း ကေအဲန်ယူ တာဝန်ရှိသူက ပြောသည်။

လက်နက်ပြန်အပ်လိုက်သည့် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များသည် ကေအဲန်ယူထံ ခံဝန်ထိုးကာ ရွာတွင်ပြန်နေသူ ရှိသလို၊ အချို့က BGF ထံ ခေတ္တသွားရောက်ခိုလှုံနေပြီး အချို့က ဒေသတွင်းရှိ DKBA ခွဲထွက် အဖွဲ့ထံသွားရောက် ခိုလှုံမှုများရှိသည်ဟု သိရသည်။

July 6, 2026
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့...
July 4, 2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်သည့်...
ဓာတ်ပုံ - KIC
July 3, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဖလူး-မင်းလက်ပံဒေသတွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာပြီး...
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်၊ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခမ်းအနား (Photo: KNU)
July 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် (တပ်မဟာ ၆)၊ ...