ချင်းလူငယ်အနုပညာရှင်ရဲ့ ပန်းချီပြပွဲ ပြင်ဦးလွင်မှာ ကျင်းပမယ်

ချင်းလူငယ်အနုပညာရှင်ရဲ့ ပန်းချီပြပွဲ ပြင်ဦးလွင်မှာ ကျင်းပမယ်

ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့  ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကို “Between” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၁ ရက်နေ့ ကနေ ၅ ရက်နေ့ အထိ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ တောင်လှေကား-Home Art Gallery  မှာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

“Between လို့နာမည် ပေးထားတာက လက်ရှိ ကျွန်တော် သဘောကျတဲ့ ရေးဟန် နဲ့ ရိုးရာယဉ်ကျေးမှု ဖြစ်တဲ့ traditional ကို ပေါင်းစပ်ဖန်တီးပြီးတော့ ရေးဆွဲ ထားတာ ဖြစ်တယ်။ ခေတ်ဟောင်း ဘိုးဘေးတွေရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေကို ခေတ်သစ်လူငယ်တွေက ဘယ်လို တွေ့မြင် ခံစားသလဲ  ဆိုတဲ့ အယူအဆကို အခြေခံပြီးတော့ ခေတ်သစ် လူငယ် တဦး ဖြစ်တဲ့ ကျွန်တော့် အနေနဲ့  ရိုးရာအပေါ် 

အမြင်ကို ဖန်တီးတဲ့ သဘော ဖြစ်ပါတယ်’’  လို့ ပန်းချီပြပွဲ ရဲ့ ခေါင်းစဉ် ပြုလုပ် ပုံ နဲ့ ပတ်သက်ပြီး Artist Pau Za Langh က ရှင်းပြထား ပါတယ်။

ပြပွဲမှာ ချင်းရိုးရာ အငွေ့အသက်များ အဓိက ဖော်ညွှန်းတဲ့ ပန်းချီကားပေါင်း ၅၅ ကား ပြသသွားမှာ ဖြစ်ပြီး ယင်းထဲမှာ Echoes in the stone (Animals) series ဆိုတဲ့ စီးရီး တခုလည်း ပါမှာ ဖြစ်တယ်လို့ လည်း ပွဲစီစဉ်သူများရဲ့ ဖော်ပြချက် အရ သိရှိရ ပါတယ်။

ယခုပြသမယ့် ပန်းချီကားများ ဖန်တီး တည်ဆောက်ပုံနဲ့ပတ်သက်ပြီး Artist Pau Za Langh က “ဒီတခါ ပြသမယ့် ရေဆေးပန်းချီစီးရီးတွေက ခေတ်ဟောင်းယဉ်ကျေးမှု(animism) ဖြစ်တဲ့ ကျောက်စာ(mualsuang) နဲ့ ချင်းတောင်တန်းဒေသရှိ သဘာဝ တောရိုင်းတိရစ္ဆာန်များကို ပေါင်းစပ်ဖော်ပြထားတဲ့ အနုပညာလက်ရာတွေ ဖြစ်တယ်။

ပန်းချီတစ်ချပ်စီကို “အတိတ် – လက်ရှိ – ဆုံးရှုံးမှု” ဆိုတဲ့ အဓိက အကြောင်းအရာတွေကို အပြည့်အစုံ ပြောပြနိုင်ဖို့ အလွှာသုံးဆင့်နဲ့ ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းထားပါတယ်။ အောက်ဆုံးအလွှာကိုတော့ ရှေးခေတ်လူများက ကျောက်တိုင်များပေါ်မှာ ထွင်းထုခဲ့တဲ့ တိရစ္ဆာန်ပုံသင်္ကေတတွေကို မူရင်းအတိုင်း အတိအကျစွာ ကူးယူဖော်ပြထားတယ်။ သင်္ကေတများရဲ့ အထက်မှာတော့ ထွင်းထုကျောက်စာ ပါ သတ္တဝါတွေနဲ့ ၎င်းတို့ရဲ့ တစ်ချိန်က သဘာဝအတိုင်း ကျင်လည်ကျက်စားနေပုံတွေကို ပြန်လည်ဖော်ထုတ်ထားပါတယ်” လို့ ရှင်းပြထားပါတယ်။

Artist Pau Za Langh ဟာ မန္တလေး National University of Art and Culture ကျောင်းကနေ ပန်းချီ မေဂျာ နဲ့ ဘွဲ့ရထားတဲ့ ချင်းလူငယ်တဦး ဖြစ်ပြီး ရိုးရာ နဲ့ contemporary ကို အားပြုရေးဆွဲတဲ့ လူငယ် ပန်းချီဆရာ တဦး ဖြစ်ကြောင်း၊ ယခုပြုလုပ်မယ့် တကိုယ်တော် ပန်းချီ ပြပွဲကို ပြင်ဦးလွင် ရှိ တောင်လှေကား- Home Art Gallery မှ ထောက်ပံ့ကျင်းပ သွားမှာ ဖြစ်ကြောင်း ဆက်လက် သိရှိရပါတယ်။

ဓာတ်ပုံ - CJ
September 18, 2026
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်...
ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...