ရေဦးမြို့က ဗိုလ်ချပ်ကြေးရုပ်ကို စစ်အုပ်စုဖျက်ဆီး

ရေဦးမြို့က ဗိုလ်ချပ်ကြေးရုပ်ကို စစ်အုပ်စုဖျက်ဆီး

စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်အုပ်စုတပ်က ဇွန်လ ၂၇ ရက် ညပိုင်းတွင် ဖျက်ဆီးလိုက်ကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မြို့မရဲစခန်းအရှေ့ဘက် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ဇွန်လ ၂၇ ရက် ညသန်းခေါင်အချိန်က စစ်အပ်စုတပ်က ဖျက်ဆီးခြင်းဟု သိရသည်။

ထိုဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်အား အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်၌ တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်က ဗိုလ်ချုပ် ကြေးရုပ်တုကိုသာမက ရင်ပြင်ကိုပါ ဘူဒိုဇာဖြင့် ဖျက်ဆီးသွားခဲ့ခြင်းဟု သိရသည်။

“ ရေဦးသူ ရေဦးသားတို့ရဲ့ စိတ်အားထက်သန်စွာဖြင့် တည်ဆောက်ခဲ့ကြတယ်။ ယခု ရေဦးသူ ရေဦးသားတို့ ဆက်လက်ပြီးထက်သန်နေကြဦးမယ်လို့ ကျနော့်အနေဖြင့်ယုံကြည်ပါတယ်” ဟု စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ၎င်း၏ လူမှုကွန်ရက်၌ မျှဝေထားသည်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကလည်း “ ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တုများကို တမြို့ပြီးတမြို့ ဖျက်ဆီးနေခြင်းသည် ပြည်သူလူထု၏ သမိုင်းအမွေအနှစ်နှင့် အမျိုးသားဂုဏ်သိက္ခာကို မလေးစားသည့် လုပ်ရပ်ဖြစ်ပြီး ယဉ်ကျေးမှုတန်ဖိုးများကိုပါ ထိခိုက်စေသည့်အတွက် ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။ သမိုင်းကို ဖျက်ဆီးခြင်းဖြင့် အမှန်တရားကို ဖျောက်ဖျက်နိုင်မည်မဟုတ်ကြောင်းလည်း အလေးအနက် သတိပေးလိုပါသည်” ဟု ထုတ်ပြန်ထားသည်။

ယခုတကြိမ် အပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုတပ်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ဖယ်ရှားဖျက်ဆီးမှု ပြုလုပ်သည့် ဖြစ်စဉ်ပေါင်း ခြောက်ခုရှိပြီဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ကပင် စစ်အုပ်စုတပ်က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကန်လမ်း၌ တည်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့် ရင်ပြင်အား စစ်အုပ်စုတပ်က တမြို့လုံးမီးဖျက်ပြီး အမှောင်ချ ဖျက်ဆီးလိုက်သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်၊ ကန်သုံးဆင့် ပြည်ထောင်စုကွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု၊ ၂၀၂၅ ခုနှစ် သြဂုတ်လ ၇ ရက်ညပိုင်းတွင် ပဲခူးမြို့လယ် ရွှေမော်ဓောဘုရားလမ်းနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းထောင့်၌ ဆယ်စုနှစ် သုံးခုခန့်ကြာ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်အစောပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပုဗ္ဗဈေးအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတို့ကို စစ်အုပ်စုတပ်က ဖျက်ဆီးသွားခြင်းရှိသည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 27, 2026
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဂျိတ်လွယ်ကျေးရွာအနီး မြေရှားသတ္တု တူးဖော်နိုင်ရေး ကြိုးပမ်းလုပ်...
စစ်မှုထမ်း အမှတ်(၄) သင်တန်းသားများအား မြင်တွေ့ရစဥ်(MOI)
June 26, 2026
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ်...
June 25, 2026
ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့်...