ဂွမြို့တွင် စစ်ကောင်စီ အုပ်ချုပ်ယန္တရားများ ရပ်တန့်

ဂွမြို့တွင် စစ်ကောင်စီ အုပ်ချုပ်ယန္တရားများ ရပ်တန့်

အာရက္ခတပ်တော်၏ ထိုးစစ်နှင့်အတူ ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာပြီးနောက် ဂွမြို့ပေါ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်သွားပြီဖြစ်ကြောင်း မြို့ခံများက ပြောကြသည်။

AA က ကျိန္တလီမြို့ကို ဩဂုတ် ၁၁ ရက်တွင် ထိုးစစ်တိုက်ခိုက်ခဲ့သဖြင့် ဂွမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်များမှာ ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်သွား၍ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်မှုရပ်တန့်သွားခြင်းဖြစ်သည်။  

“ အဓိကတော့ စစ်ကောင်စီက သူတို့(ဝန်ထမ်း)ရဲ့လုံခြုံရေးကို အာမခံချက်မပေးနိုင်လို့ ထွက်ပြေးသွားကြတာ။ လက်ရှိမြို့ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ စီးပွားရေးဘဏ်လောက်ပဲ ရှိတော့တယ်” ဟု ဂွမြို့ခံတစ်ဦးက ပြောသည်။

ဌာနဆိုင်ရာရုံးများ လည်ပတ်မှုမတော့၍ ဧရာဝတီဘက်သို့ စစ်ဘေးတိမ်းရှောင်လိုကြသည့် ဂွမြို့ခံများမှာ အထွေထွေအုပ်ချုပ်ရေးရုံးမှ ထောက်ခံစာယူမရ၍ အခက်အခဲဖြစ်နေကြသည်။

ဆေးရုံ/ဆေးခန်းများလည်း ရပ်တန့်သွားပြီဖြစ်သဖြင့် ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲကြုံလာရမည်ကို ဂွဒေသခံများက စိုးရိမ်နေကြသည်။

“စစ်ဘေးရှောင်တွေကို ထောက်ခံစာမပါရင် သွားခွင့်မပြုဘူး။ စစ်ရှောင်လို့လည်းမရ၊ လုံခြုံမှုကလည်းမရှိ။ မြို့မှာကျန်ရှိနေသူတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပိုင်း တော်တော်လေးအခက်အခဲရှိနေတယ်။ တစ်စုံတစ်ရာ ကျန်းမာရေးကိစ္စဖြစ်ရင်တောင် ဘယ်ကိုသွားရမယ်ဆိုတာမသိရဘူး” ဟု နောက်ထပ် ဂွမြို့ခံတစ်ဦးက ပြောသည်။

ဂွမြို့နယ်တွင် တိုက်ပွဲစတင်ပြီးနောက် ဧရာဝတီဘက်မှ အခြေခံစားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခဲ့၍ ဂွဒေသခံများမှာ စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရသည်။

ဂွမြို့နှင့် ၂၅ မိုင်ခန့်အကွာရှိ ချင်းကွင်းကျေးရွာအနီး စစ်ကောင်စီတပ်စခန်းတစ်ခုကို AA က ဩဂုတ် ၈ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှစ၍ ဂွမြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားလျက်ရှိသည်။

လက်ရှိတွင် ကျိန္တလီမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဂွမြို့နယ်၊ ရနာမြိုင်(ဒေသအခေါ် ကုလားပြင်) ကျေးရွာအနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။

တိုက်ပွဲကြောင့် ဂွမြို့နယ်မှ လူဦးရေနှစ်သောင်းကျော်မှာ ပြည်မနှင့် အခြားဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...