တောင်ကုတ်တွင် လေထီးဖြင့် ရိက္ခာနှင့် စစ်လက်နက်များချ၍ အင်အားများဖြည့်တင်းဟုဆို

တောင်ကုတ်တွင် လေထီးဖြင့် ရိက္ခာနှင့် စစ်လက်နက်များချ၍ အင်အားများဖြည့်တင်းဟုဆို

ရခိုင်ပြည်၊ တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်မည့် သတင်းထွက်ပေါ်နေသည့်အတွက် စစ်ကောင်စီတပ်စွဲထားသည့် ပန်းမြောက်တောင်တွင် လေထီးဖြင့် စားနပ်ရိက္ခာနှင့် စစ်လက်နက်များကို ချပေးကာ အင်အား ဖြည့်တင်းခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့၊ ကြိုးကြာကွင်းဂိတ်နှင့် ၂ မိုင်ခန့်ကွာဝေးသည့် တောင်ကုတ်-ပြည် ကားလမ်းတွင် တည်ရှိသော ပန်းမြောက်တောင်ဘုရားတောင်ပေါ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများထံသို့ သြဂုတ်လ ၁၃ ရက်၊ ညနေ ၅ နာရီက စစ်ကောင်စီက Y 12 ထောက်ပို့လေယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များကို (၈)ကြိမ်တိုင်တိုင် လေထီးဖြင့် ပို့ချခဲ့သည်ဟု တောင်ကုတ်ဒေသခံမျက်မြင်တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ လွန်ခဲ့တဲ့ အင်္ဂါနေ့က ၅ နာရီကျော်ကတည်းက တစ်ကြိမ်ကို ၂ ထုတ်စီလာချတယ်။ ၆ နာရီခွဲ လောက်မှာမှ ပြီးသွားတယ်။ မကွေးလေတပ်ဖက်ကလာတာပေါ့နော်။ စားနပ်ရိက္ခာတွေနဲ့ လက်နက်တွေပါတယ်လို့ သိရတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်ကလည်း တောင်ကုတ် အင်ဂျင်နီယာတပ် (၃၄၆)တပ်ရင်းက စစ်ကား (၃)စီးဖြင့် ပန်းမြောက်တောင်သို့ စစ်အင်အားများဖြည့်နေသည်ဟု တောင်ကုတ် ဒေသခံအမျိုးသာစတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

"စစ်ကား (၃)စီး ပန်းမြောက်တောင်ဖက်ကိုတက်သွားတာတွေ့တယ်။ တစ်စီးမှာ အင်အား ၂၀ကျော်လောက်ပါမယ်လို့ခန့်မှန်းရတယ်။ စစ်အင်အားဖြည့်ပြီး နောက်တစ်နေ့မှာ ရိက္ခာနဲ့ လက်နက်လာပို့တာ” ဟု ပြောသည်။

စစ်ကောင်စီသည် တောင်ကုတ်မြို့ကို AA က ဝင်ရောက်လာမည်စိုးရိမ်၍ မြို့တွင်းတွင် အရပ်ဝတ်ဖြင့် AA သတင်းများကို ထောက်လှမ်းခြင်းများပြုလုပ်နေပြီး မြို့ထဲရှိ နေရာ အနှံ့အပြားတွင် စနိုက်ပါသမားများလည်း နေရာချထားကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့၊ ဝဲကြီးကျေးရွာနှင့် ကပ်လျက်တည်ရှိသည့် သည်းခံတောင်ဘုရားပေါ်တွင်လည်း ဩဂုတ်လ ၉ ရက်တွင်  စစ်ကောင်စီကလက်နက်ကြီး တပ်တစ်ခုကို စခန်းချပြီး ခံစစ် ပြင်ဆင်နေကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းနှင့် စကခ ၅ ဌာနချုပ် စသည့် တပ်ရင်းတို့တပ်စွဲထားပြီး ၎င်းစစ်တပ် တပ်ရင်းများကို ထိုးစစ်ဆင် တိုက်ခိုက်မည်ဖြစ်ကြောင်း AA က တရားဝင် ထုတ်ပြန်ထားသည်။

ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...