AA သံသယဖြင့် တရားစွဲခံထားရသူ ၂၀ ခန့်ကို တောင်ကုတ်ရဲစခန်းမှ စကခ(၅)သို့ ပြောင်းရွှေ့သွား

AA သံသယဖြင့် တရားစွဲခံထားရသူ ၂၀ ခန့်ကို တောင်ကုတ်ရဲစခန်းမှ စကခ(၅)သို့ ပြောင်းရွှေ့သွား

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရဲစခန်းရှိ အာရက္ခတပ်တော်(AA) သံသယဖြင့်  တရားစွဲခံထားရသူ ၂၀ ခန့်ကို တောင်ကုတ်မြို့ရှိ အမှတ် (၅) စစ်ဆင်ရေးကွက်ကဲဌာနချုပ် ( စကခ -၅) သို့ ပြောင်းရွေ့သွားပြီး ကျန်ဒေသခံ ၁၂ ဦးကိုလည်း အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။

ဥပဒေပုဒ်မအမျိုးမျိုးဖြင့် တရားစွဲခံနေရသူ ၂၀ ဦးအား သြဂုတ်လ ၉ ရက်၊ ညဉ့်အချိန်တွင် အိမ်စီးကားများဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“တစ်ခုခုဖြစ်လာရင် လူသားဒိုင်းကာအဖြစ်လုပ်ဖို့ပါ။ မြောက်ဦးက ကိုရင်ဆို့တို့၊ ကိုဖိုးသီဟ တို့လို ဖြစ်သွားမှာကိုလည်း စိုးရိမ်ရတယ်။ စစ်တပ်ကိုအပြောင်းခံထားရတဲ့လူတွေက အန္တရာယ်များတယ်”ဟု ပြောသည်။

ယခု တောင်ကုတ် စကခ(၅) သို့ပို့ဆောင်ခံထားရသူများသည်လည်း  ထိုသို့ ဖမ်းဆီးခံရသည့် ရခိုင်လူငယ်ကိုရင်ဆို့ ဖြစ်စဉ်ကဲ့သို့ အဖြစ်ဆိုးနှင့်ကြုံရမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်သည်။

ယင်းအပြင် တောင်ကုတ်ရဲစခန်းမှ အချုပ်သား ၁၂ ဦးကိုလည်း ပြည်မသို့ပို့ရန် စစ်ကောင်စီက ထပ်မံစီစဥ်နေသည်ဟု မြို့ခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ အဓိက ဒေသခံ ၁၂ ဦးကို တိုက်ပွဲဖြစ်လာရင် မြို့ကို အာရက္ခတပ်တော်ကသိမ်းရင် AA ကကယ်ထုတ်ရင် သံတွဲ၊ ဘူးသီးတောင်လိုမျိုး လွတ်သွားမှာကို စစ်ကောင်စီက မလိုလားဘူး။ သူတို့ဖက်ကတော့ တောင်ကုတ်မှာထောင်မရှိဘူးဆိုပြီး အကြောင်းပြတယ်။ သံတွဲကလည်း သိမ်းထားပြီဆိုတော့ အကျဥ်းထောင်မရှိတော့ဘူး။ အင်းစိန်ကို ပို့မယ်လို့ ကြားရပါတယ်”ဟု ပြောသည်။

၎င်းတို့  ၁၂ ဦး အထဲတွင်  တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ ဦးထွန်းချစ်၊ ဂူတာရပ်ကွက်မှ အောင်မျိုးထိုက်၊ မျိုးမြင့်၊ အောင်မြသိန်း၊ အောင်ခင်၊ ကန်ပိုင်ရပ်ကွက်မှ ကြာနီအောင်၊ ကြိုးကြာကွင်းကျေးရွာမှ ဝင်းနိုင်၊ မှိုဟင်းတောကျေးရွာမှ ကျော်သောင်းနှင့် ဒုံကျေးရွာမှ မိုးမင်းတို့ ပါဝင်သည်ဟု သိရသည်။

သူတို့အားလုံးကို တောင်ကုတ်တွင် တိုက်ပွဲဖြစ်လာပါက တောင်ကုတ်ရဲစခန်းမှ လွတ်မြောက် သွားမည်ကို စစ်ကောင်စီကမလိုလား၍ အခြားနေရာများသို့ ပြောင်းရွေ့ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများရှိနေကြသည်။

လက်ရှိ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးအခြေအနေ တင်းမာလျက် ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့အတွင်းတွင် စစ်ရေးလှုပ်ရှားမှုရှိနေကြသည်ဟု သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...