မောင်တောမှ နယ်ခြားစောင့် ၆၀၀ ကျော်ခန့် ဘုတ်အစီး ၂၀ ကျော်ဖြင့် ပင်လယ်ဘက်သို့ ဆုတ်ခွာထွက်ပြေး

မောင်တောမှ နယ်ခြားစောင့် ၆၀၀ ကျော်ခန့် ဘုတ်အစီး ၂၀ ကျော်ဖြင့် ပင်လယ်ဘက်သို့ ဆုတ်ခွာထွက်ပြေး

ရခိုင်ပြည်၊ မောင်တောဒေသမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၀၀ ကျော်ခန့်သည် မော်တော်ဘုတ်အစီး ၂၀ ကျော်ဖြင့် ယနေ့ သြဂုတ်လ ၁၃ ရက်၊ မွန်းတည့်ပိုင်း၌ ပင်လယ်ဘက်သို့ ထွက်ပြေး သွားခဲ့ကြကြောင်း နယ်ခြားစောင့်နှင့် နီးစပ်သည့် သတင်းရင်းမြစ်အရ သိရသည်။  

မျက်မြင်‌ဒေသခံ သတင်းရင်းမြစ်တစ်ဦးက "ဒီနေ့မနက်မှာ မောင်တောဘုတ်ဆိပ် POE ဝင်/ထွက် စခန်းနဲ့ မောင်တော သင်္ချိုင်းတွေမှာ စခန်းချ ခုခံနေကြတဲ့ နယ်ခြားစောင့်တွေ စက်လှေတွေနဲ့ ပင်လယ်ဘက်ကိုထွက်ပြေးနေကြတာ‌တွေ့ရတယ်။ POE ကိုတော့ AA ဘက်က ဝင်မစီးသေးပါဘူး။ ဝင်စီးလာမှာကို ကြောက်လို့ ထွက်ပြေးကြတာ။ တိုက်ပွဲက နီးလာနေပြီလေ" ဟု ပြောသည်။

အာရက္ခတပ်တော် (AA)က မောင်တောမြို့အား ဩဂုတ်လ ၉ ရက်မှစပြီး စီးနင်းဝင်ရောက်လာကြ၍ စစ်ကောင်စီတပ်နှင့် နှစ်ဖက်တိုက်ပွဲများပြင်းထန်စွာဖြစ်ခဲ့ကြသည်။

ယင်းနောက် မြို့ပတ်လည်တွင်စခန်းချနေရာယူထားကြသည့် နယ်ခြားစောင့်တပ်ဖွဲ့များမှာ လူနေအိမ်များ၌ ဝင်ရောက်ခိုလှုံခဲ့ကြပြီး ယင်းမှတဆင့်  ဘုတ်ဆိပ် POE ဝင်/ထွက်စခန်းနှင့် မောင်တောသင်္ချိုင်းဇရပ်သို့ နောက်ဆုတ်ခုခံနေခဲ့ကြသည်ဟုလည်း သိရသည်။

လက်ရှိတွင် အဆိုပါနယ်ခြားစောင့်တပ်ဖွဲ့များမှာ ဆက်လက်မနေရဲတော့ဘဲ ယနေ့တွင် နေဗီများရှိရာ ဘင်္ဂလားပင်လယ်အော်ဘက်သို့ စတင်ထွက်ပြေးကြခြင်းလည်းဖြစ်သည်ဟု ဒေသခံများကလည်း မျက်မြင်ဒေသခံများက ပြောသည်။

ကျောက်ပန်းန္ဒူကျေးရွာဒေသခံတစ်ဦးကလည်း "ဒီနေ့ မွန်းတည့်ပိုင်းမှာ ပင်လယ်ပြင်မှာ မော်တော်ဘုတ်အကြီးအငယ် အစီး ၂၀ ကျော်လောက် မောင်တောဖက်က ထွက်လာပြီး ပင်လယ်‌ဝဘက်ကိုသွားနေကြတာတွေ့ရတယ်။ အဲဒီအချိန်မှာ ပင်လယ်ဖက်က စစ်နေဗီနှစ်စီးက အမြောက်တွေ မောင်တောမြို့နဲ့ နယ်ဖက်တွေကိုလှမ်းပစ်နေတာတွေ့ရတယ်"ဟု ပြောဆိုသည်။

ထိုသို့ ပစ်ခတ်သည့်အမြောက်ဆံများမှာ နခခ(၅)ဝန်းကျင်အပြင် ကံပြင်သာစည် ကျေးရွာအနီး တစ်လုံးကျရောက်ခဲ့ပြီး မေယုတောင်ကြောနှင့် မြင်းလွှတ်ရွာဟောင်းအနီး အလယ်သံကျော် အနီး ပုစွန်ကန်များ၌ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...