ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်း ၅ ဦးဒဏ်ရာရ

ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်း ၅ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ဘီးလင်းမြို့ဝင်ကြေး ကောက်ခံရေးဂိတ် ဩဂုတ်လ ၁၂ ရက်နေ့ညနေပိုင်းက ပစ်ခတ်ခံရပြီး ဝန်ထမ်းအမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယမန်နေ့ညနေ ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က ဘီးလင်းမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မောင်းနှင်လာသည့်ကားတစ်စီးပေါ်မှ ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ်ကို သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

မြို့ဝင်ကြေးကောက်ခံရေးဂိတ် ပစ်ခတ်ခံရမှုကြောင့် ဂိတ်ရှိ ဝန်ထမ်း အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ်အနီးတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ရှိနေပြီး ပစ်ခတ်မှုဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုမရှိခဲ့ကြောင်းလည်း ဒေသခံတို့က ဆိုသည်။

ဘီးလင်းမြို့ဝင်ကြေးဂိတ်ကောက်ခံရေးကို မန္တလာမိသားစုကုမ္ပဏီက တင်ဒါရရှိထားပြီး သေနတ်ဒဏ်ရာရရှိသူများသည် မန္တလာမိသားစုကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ကြကြောင်းလည်း သိရသည်။

ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ် ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးဂိတ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် မကြာခဏပစ်ခတ်ခံရလေ့ရှိသော်လည်း ဝင်ကြေးကောက်ခံသည့်ဂိတ် ပစ်ခတ်ခံရမှုသည် ပထဆုံးအကြိမ်သာ ဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...