လဲချားတွင် မူဆယ်သို့သွားမည့်လူငယ်များကို PDF ဟု စွပ်စွဲကာ လူငယ် ၁၀၀ ကျော်ဖမ်းဆီးထား

လဲချားတွင် မူဆယ်သို့သွားမည့်လူငယ်များကို PDF ဟု စွပ်စွဲကာ လူငယ် ၁၀၀ ကျော်ဖမ်းဆီးထား

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ သို့ သွားမည့် လူငယ် ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဟုစွပ်စွဲကာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ဖြစ်စဥ်မှာ သြဂုတ် ၈ရက်တွင် မြန်မာ-တရုတ်နယ်စပ်ဘက်သို့ သွားရန် ကား(၁၀)စီးဖြင့်လာသော လူငယ် ၁၀၀ ဦး ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ က သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၌ ဖမ်းဆီးထားကြောင်း ၎င်းအကြောင်းကို သိသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူများက မြောက်ပိုင်းကနေထွက်နေချိန် သူတို့က သွားတာရယ်။ နောက် အရွယ်တွေကလည်း လူငယ်တွေဖြစ်တယ်။ ဗမာလူမျိုးတွေလို့လည်းပြောတယ်။ ခုမြို့ထဲမှာ ရဲတွေကော စစ်တပ်တွေရော မြို့ထဲ လုံခြုံရေး ဖြည့်နေတယ်” ဟု ၎င်း က ထပ်လောင်းပြောသည်။

လက်ရှိမှာ ထိုလူငယ်များကို လဲချားရဲစခန်းတွင် ထားရှိနေကြောင်း သိရသည်။

ဖမ်းဆီးခံရသောလူငယ်များမှာ လားရှိုးမြို့ MNDAA မှ အလုပ်အကိုင် ပေးမည်ဟု လိမ်လည်ခေါ်ဆောင်ခံလာရကြောင်း ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ သူတို့က PDF လို့လည်း ယူဆရတယ်လို့ပြောတယ်၊ ပြောကြတာကတော့ လားရှိုး MNDAA က အလုပ်အကိုင်ပေးမယ်ဆိုပြီး လိမ်ပြီး ခေါ်လာခံရတယ်လို့လည်းပြောတယ်၊ လက်နက်ပေးပြီး လက်နက်ကိုင်ခိုင်းမယ်လို့လည်း ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ သျှမ်းပြည်မြောက်ပိုင်း တကြောဖြစ်သည့် ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်၊ လားရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့ စစ်ရေးပြင်းထန်နေသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီဘက်မှလည်း နည်းမျိုးစုံသုံးပြီး အရပ်သားကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ထို့ပြင် သြဂုတ် ၈ရက် တွင်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ တန့်ယန်း-မိုင်းရယ်ဘက်မှတဆင့် ကားကြီးများဖြင့် စစ်အင်အား အများအပြား ထပ်မံဖြည့်တင်းထားကြောင်းလည်းသိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...