မောင်တော‌မြို့ မီးစက်ခွဆုံမှ စစ်‌ကောင်စီခြေကုတ်စခန်းများအား AA ထိုးစစ်ဆင်တိုက်ခိုက်

မောင်တော‌မြို့ မီးစက်ခွဆုံမှ စစ်‌ကောင်စီခြေကုတ်စခန်းများအား AA ထိုးစစ်ဆင်တိုက်ခိုက်

မောင်တောမြို့  အမှတ် (၂) ရပ်ကွက်၊ မီးစက်ခွဆုံကျေးရွာအတွင်းရှိ စစ်‌ကောင်စီ နေရာယူထားသည့် စစ်စခန်းအား အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီဖက်မှ အကျအဆုံး များလာသဖြင့်  ဩဂုတ်လ ၇ ရက် ညနေ ၅ နာရီခန့်၌ စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲချခဲ့ကြောင်း ဒေသခံ မွတ်ဆလင်များထံမှသိရသည်။

"မနေ့က နေ့လယ်ပိုင်းမှာ မောင်နီနဲ့ မီးစက်ခွဆုံကြားမှာ တိုက်ပွဲက အလွန်ပြင်းထန်ခဲ့ကြတယ်။ စစ်တပ်ဖက်က အကျအဆုံးများလာတော့ ညနေ ‌၅ နာရီလောက်မှာ ဂျက်တိုက် လေယာဉ် တစ်စီး ရောက်လာပြီးဗုံး ၄ လုံးကြဲချသွားတယ်။ အရပ်သား‌တွေအသေ အပျောက်တွေ ရှိနိုင်တယ်။ လမ်းမှာလူ‌တွေ သွားလာလို့မရဘူး။ အိမ်ထဲမှာဘဲ ပုန်းနေကြရတယ် "ဟု မီးစက်ခွဆုံမှ ဒေသခံ မွတ်လင်တစ်ဦးက ပြောသည်။

မောင်တောမြို့ နတ်မြစ်ဝ မောင်နီကျေးရွာရှိ  စစ်ကောင်စီတပ်စခန်းအား အာရက္ခတပ်တော် (AA) မှ သြဂုတ်လ ၅ ရက် မနက်ပိုင်း၌ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီနောက်‌ မောင်နီရွာနှင့် အမှတ်(၂) ရပ်ကွက် မီးခွဆုံကြားကျေးရွာအတွင်းရှိ စစ်ကောင်စီ စခန်းများကို AAဖက်မှ ထိုးစစ် အရှိန်မြှင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

" မီးစက်ခွဆုံ နာရီစင်အနီးမှာ စစ်တပ်က အင်အားအလုံးအရင်း ချထားတယ်။ အထက(၂)မှာလည်း မွတ်ဆလင်စစ်သားတွေ အပြည့်နေရာယူထားကြတယ်။ တိုက်ပွဲကမြို့တွင်းနဲ့ နီးလာနေတယ်။

ဒေသခံတွေက ထွက်ပြေးဖို့နေရာလည်း မရှိတောဘူး။ လုံခြုံတဲ့နေရာတွေမှာဘဲ ပုန်းနေကြရတယ်။ အများစုက လမ်းဘေးဆိုင်ခန်းတွေအောက်မှာ မိုးစိုခံပြီးခိုလုံနေကြရတယ်" ဟု ဒေသခံ မွတ်ဆလင် တစ်ဦးက ပြောဆိုသည်။

AAတပ်များမောင်တောမြို့တွင်းသို့ဝင်‌‌ ရောက်လာနိုင်သည့် လမ်းကြောင်းများအားလုံးအား စစ်ကောင်စီတပ်များနှင့် မဟာမိတ်မွတ်ဆလင် လက်နက်ကိုင်တပ်များ ပူး‌ပေါင်းခုခံ ကာကွယ် ပိတ်ဆို့ထားသော်လည်း AA တပ်ဖွဲ့ဝင်များမှာ  ထိုးစစ်အရှိန်မြှင့်တင်ပြီး  မြို့တွင်းသို့ ထိုး‌ဖောက် ဝင်ရောက်လျှက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ AA တပ်များထိုးဖောက်ဝင်ရောက်လာ နေသည့် စစ်မျက်နှာများအား စစ်ကောင်စီ၏ လက်ကျန် တပ်နခခ(၅) မြို့သူကြီးမှ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသလို ဂျက်တိုက် လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မူများ ပြုလုပ်လျှက်ရှိနေကြသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေဖြင့် ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်ရှိ မောင်တောမြို့ နှင့် အနီးတဝိုက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်စေရန် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိ‌နေကြောင်းဩဂုတ်လ ၇ ရက်နေ့၌ထုတ်ပြန်ထားသည်

ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...