ထားဝယ် မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ်မီးထပ်ရှို့နေ

ထားဝယ် မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ်မီးထပ်ရှို့နေ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ဒေသခံနေအိမ်တွေကို သြဂုတ် ၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သြဂုတ် ၄ ရက်နေ့က မောင်မယ်ရှောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအရှေ့ပိုင်းက ဒေသနေအိမ်တွေကို မီးတင်ရှို့နေတာကြောင့် နေအိမ်တွေ မီးလောင်နေတာကို အဝေးကနေမြင်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ကျေးရွာထဲမှာ ဆက်လက်တပ်စွဲထားတဲ့အတွက် နေအိမ်မီးလောင်ပျက်စီးမှုအရေအတွက် အသေးစိတ်မသိရပေမယ့် ဒေသခံတွေကတော့ နေအိမ် ၁၀ လုံးထက်မ နည်း မီးလောင်ပျက်စီးနိုင်တယ်လို့ သုံးသပ်ပါတယ်။

မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ ဆက်တိုက်ကျူးလွန်နေတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာ၊ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် မောင်မယ်ရှောင်ကျေးရွာ ဒေသခံတွေဟာ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ရွာလုံး ကျွတ် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ကျေးရွာကို သုံးကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ဆယ်နဲ့ချီ မီးလောင်ပျက်စီးထားပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ ဇူလိုင် ၂၄ ရက်နေ့ထုတ် အစီရင်ခံစာအရ အာဏာ သိမ်းသုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၉၅၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

Most read this week

February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...
ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...