မြောက်ဦး အုတ်ဖိုကန်ရွာအနီးကို စစ်ကောင်စီက ညအချိန် ဒုံးကျည်နဲ့လာပစ်

မြောက်ဦး အုတ်ဖိုကန်ရွာအနီးကို စစ်ကောင်စီက ညအချိန် ဒုံးကျည်နဲ့လာပစ်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပြီးခဲ့သည့် ညအချိန်က ဒုံးကျည်နဲ့ လာပစ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဩဂုတ်လ ၆ ရက်၊ နံနက် ၂ နာရီကျော်ခန့်တွင် အုတ်ဖိုကန်ကျေးရွာအနီးရှိ ယခင် အစိုးရပိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ရုံးအနီးသို့ Rocket ဒုံးဖြင့် နှစ်ကြိမ်တိုင် လာရောက်ပစ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

" အဲဒီရုံးနဲ့ ရွာသင်္ချိုင်းနဲ့ ကြားမှာကျတာပါ။ လူအထိအခိုက်တော့ မရှိဘူး။ ရုံးအဆောက်အဦ အနောက်ဘက်အခြမ်း နည်းနည်းတော့ နာသွားတယ်။ ဗုံးကျသွားတဲ့နေရာက ဗွက်အိုင် မြေအပျော့မှာ ကျသွားတော့ အဆောက်အဦက နည်းနည်းပဲ နာသွားတာ။ မြေကြီးအမာမှာ ကျရင်တော့ အဆောက်အဦက အများကြီးပျက်သွားနိုင်တယ်"ဟု ပြောသည်။

အုတ်ဖိုကန်ကျေးရွာသည် မြောက်ဦးမြို့အဝင်တွင်ရှိသည့်ကျေးရွာဖြစ်သည်။

စစ်ကောင်စီသည် မည်သည့်အတွက်ကြောင့် လာရောက်ပစ်ခတ်သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်၊ နေ့လယ် ၁ နာရီခန့်ကလည်း မြောက်ဦးမြို့နယ်၊ ဝေသာလီ ကျေးရွာ အနီးသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲခဲ့သည့်အတွက် ယင်းရွာမှ Grade 7 ကျောင်းသားတစ်ဦး ဒဏ်ရာရသွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း မြောက်ဦးမြို့၊ လေးမြို့စား ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တရားရုံးနောက်ဘက်သို့ စစ်ကောင်စီက ဗုံးနှစ်လုံး ကြဲချခဲ့ပြီး လူအထိအခိုက်တစ်စုံတရာမရှိခဲ့ဟု သိရသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...