မိုးညှင်းနဲ့ဖားကန့်ဒေသခံများ အင်တာနက်အသုံးပြုဖို့ အလှည့်ကျတန်းစီစနစ် နဲ့ တစ်ဦးကို (၁)နာရီခန့်သာ သုံးစွဲနေရ

မိုးညှင်းနဲ့ဖားကန့်ဒေသခံများ အင်တာနက်အသုံးပြုဖို့ အလှည့်ကျတန်းစီစနစ် နဲ့ တစ်ဦးကို (၁)နာရီခန့်သာ သုံးစွဲနေရ

အင်တာနက်လိုင်းများ ပြန်လည်ရရှိခြင်းမရှိသေးတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ်က ဒေသခံများဟာ အင်တာနက်ကို အလှည့်ကျတန်းစီစနစ်နဲ့သာ အသုံးပြုနေကြရတယ်လို့ သိရပါတယ်။

အင်တာနက်အသုံးပြုလိုတဲ့ မိုးညှင်းဒေသခံတွေဟာ  ကချင်ပြည်နယ် နဲ့  စစ်ကိုင်းနယ်စပ်  မော်လူးမြို့သို့သွားကာ  Ipstar (သို့) starlink ဂြိုလ်တုအင်တာနက်တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ စောင့်ဆိုင်းသုံးစွဲနေရတယ်လို့ ဒေသခံများက ဆိုကြပါတယ်။

“ ဒီနေ့လည်းလူများလို့ လိုင်းအရမ်းကျလို့  ညနေမှရတာ ဆိုင်မှာ ခုလည်း စာမြန်မြန်ရိုက်နေတာ အချိန်ပြည့်တော့မယ် ဝိုင်ဖိုင်ဖြုတ်ကြတော့မှာလေ” လို့  မော်လူးမြို့သို့ အင်တာနက်လာရောက်သုံးစွဲသူ  မိုးညှင်းမြို့ခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

ဒီဆိုင်တွေမှာ  အင်တာနက်သုံးစွဲခ  (၁)နာရီ ငွေကျပ်တစ်ထောင်ပေးဆောင်ရပြီး စောင့်ဆိုင်းတန်းစီသူများပြားတာကြောင့် တစ်ရက်မှာတစ်ဦးကို (၁)နာရီသာ သုံးစွဲခွင့်ရရှိတယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့နယ်မှာတော့  တစ်နာရီကျပ် (၂၀၀၀၀)ကနေ ကျပ်(၃၀၀၀၀)သောင်းထိ အင်တာနက်ခ စျေးနှုန်းမြင့်ပေးပြီးအသုံးပြုနေရတယ်လို့ အဆက်အသွယ်ရရှိခဲ့သူ ဖားကန့်မြို့နယ်ဒေသခံတွေက ဆိုကြပါတယ်။

“ခုဒီဘက်ကလိုင်းအခက်အခဲကြောင့် လူတွေဒုက္ခရောက်တာကလွဲရင် အားလုံးကပုံမှန်ပါပဲ”  လို့  လုံးခင်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။

မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်တချို့မှာ    အော်ပရေတာတချို့ရဲ့ ဖုန်းလိုင်းပြန်လည်ရရှိနေပြီလို့လည်းသိရကာ မိုးညှင်း၊မိုးကောင်း၊ဗန်းမော်၊ ဖားကန့်စတဲ့ မြို့နယ်တွေမှာတော့ အင်တာနက်နဲ့ဖုန်းလိုင်းများပြတ်တောက်နေတာ သီတင်းနှစ်ပတ်ခန့် ရှိလာနေပြီလည်းဖြစ်ပါတယ်။

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...