ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက မွတ်ဆလင်များ စစ်မှုထမ်းရန် အတင်းအကြပ် ဖမ်းဆီးခံနေရ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက မွတ်ဆလင်များ စစ်မှုထမ်းရန် အတင်းအကြပ် ဖမ်းဆီးခံနေရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော မွတ်ဆလင်များမှာ စစ်ကောင်စီထံ စစ်မှုထမ်းရန် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များက  အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရကြောင်း Fortify Rights အဖွဲ့က ထုတ်ပြန်ထားသည်။

Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဒုက္ခသည်များကို အတင်းအကြပ်ဖမ်းဆီးပြီးနောက် မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန် ပို့ဆောင်နေသည်ကြောင်း ဇူလိုင်လ ၂၆ ရက် ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စစ်ကောင်စီ၏ ထိုလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုဖြစ်ပြီး လူကုန်ကူးမှုမြောက်ကြောင်း Fortify Rights မှ Human Rights Associate ဖြစ်သူ Ejaz Min Khant က ပြောထားသည်။

“မြန်မာစစ်ကောင်စီက ကျူးလွန်လျက်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ(မွတ်ဆလင်)တွေဟာ အခုဆိုရင် သူတို့အပေါ်ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ထားတာတွေအတွက် အဓိကတာဝန်ရှိသူတွေရဲ့ စစ်မှုထမ်းတပ်သားအဖြစ်ပါဝင်ဖို့ အတင်းအကြပ်ခိုင်းစေခံနေရပါတယ်” ဟု ဆိုသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်လာသော မွတ်ဆလင်များကို မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများထံ ပို့ဆောင်သည်။

ယင်းနောက် စစ်ကောင်စီက စစ်ရေးလေ့ကျင့်ခိုင်းပြီးနောက် လက်နက်တပ်ဆင်ကာ ရှေ့တန်းစစ်မြေပြင်သို့ အတင်းအကြပ်ပို့ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်မှုထမ်းရန် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် အသက် ၁၇ အရွယ် မွတ်ဆလင်ဒုက္ခသည်တစ်ဦးက “သူတို့က ကျနော့်ကို သေနတ်နဲ့ ချိန်၊ မျက်စိကို အဝတ်နဲ့ပိတ်စည်းပြီး လက်တွေ၊ ခြေတွေကို ကြိုးနဲ့ချည်ပြီး အဲဒီကနေ ဖမ်းခေါ်သွားကြတယ်။ ပြီးတော့ ကျနော့်ကို မြန်မာနိုင်ငံကို ခေါ်လာတယ်” ဟု ပြောဆိုကြောင်း Fortify Rights ထုတ်ပြန်ချက်တွင်ပါရှိသည်။  

ပြီးခဲ့သည့် မတ်လနှင့် မေလအတွင်း မွတ်ဆလင်ဒုက္ခသည် ၁,၇၀၀ မှာ စစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း Fortify Rights ၏ လေ့လာချက်များအရ သိရသည်။

ရခိုင်နှင့် အခြားနေရာဒေသများတွင် စစ်ကောင်စီက တရားမဝင် အတင်းအကြပ် စစ်မှုထမ်းခေါ်ဆောင်နေခြင်းကို ရပ်တန့်ရန် Fortify Rights က တောင်းဆိုထားသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့်လည်း ဘေးကင်းလုံခြုံမှုရှိနေရမည့် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များကို အတင်းအကြပ် စစ်မှုထမ်းစေခြင်းမှ ကာကွယ်ပေးရန်လိုအပ်ကြောင်း Fortify Rights က တိုက်တွန်းထားသည်။

ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...
August 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများအတွင်း သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့်...
ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...