ဖားကန့်မှာ တုံကင်စနစ်နဲ့ တစ်နာရီမှာ ကျပ် ၂ သောင်းကျပ်ပေးပြီး အင်တာနက်သုံးနေရ

ဖားကန့်မှာ တုံကင်စနစ်နဲ့ တစ်နာရီမှာ ကျပ် ၂ သောင်းကျပ်ပေးပြီး အင်တာနက်သုံးနေရ

ကချင်ပြည်နယ် ဖားကန့်မြို့မှာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး တစ်နာရီ ကျပ် ၂ သောင်းပေးပြီး သုံးနေရတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ဖားကန့်မြို့နယ် ပြည်သူတွေ IP Star နဲ့ Star link တပ်ဆင်ထားတဲ့ဆိုင်တွေမှာ တုံကင်စနစ်နဲ့တန်းစီနေပြီး တစ်နာရီကို ကျပ် ၂ သောင်းပေးပြီးသုံးနေရတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကိုပြောပါတယ်။

“ဆိပ်မူမှာက နာရီဝက် တစ်နာရီ တန်းစီစောင့်ရင်ရတယ် တုံကင်နံပါတ်နဲ့ ဘယ်နေ့ ဘယ်အချိန်ရမယ် မသိဘူး။ နာရီဝက် သုံးမိနစ်နောက်ကျတာနဲ့ တခြားလူ နေရာဝင်ယူပဲ” လို့ ပြောပါတယ်။

ပြည်သူတွေဟာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်နံပါတ်နဲ့တန်းစီစောင့်နေရပြီး တစ်ခါတစ်လေ အလှည့်ရောက်ဖို့ ၂ရက်ခန့်စောင့်ရတဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ဖားကန့်မြို့တွင်း အင်တာနက်လိုင်းသုံးရတဲ့ ဆိုင်တွေဟာ လုံးခင်းမှာတစ်ဆိုင်၊ ဆိပ်မှုနဲ့ ငှက်ပျောတောရပ်ကွက်တွေမှာ သုံးလို့ရနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။

ခုလို ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့အတွက် ငွေလွှဲ၊ငွေထုတ်ခက်ခဲသွားပြီး ကုန်သည်များ ကုန်ပစ္စည်းမှာယူဖို့ခက်ခဲနေကြတာကြောင့် ကုန်အဝင်နည်းပြီး ကုန်စျေးနှုန်းတွေလည်း ပိုတက်လာနေတယ်လို့ သိရပါတယ်။

“လုပ်ငန်းလုပ်သူတွေ မန်းလေး ရန်ကုန်ကိုငွေလွှဲပစ္စည်းမှာဖို့မရဘူး၊ ကျောက်သမားတွေ ကျောက်ကယ်ရီ ရောက်မရောက် ဖုန်းဆက်လို့မရဘူး၊ ကျောက်ပွဲစားတွေ အစရှိသဖြင့် ပြည်သူတွေ လုပ်ငန်းတွေ အဆင်မပြေကြတော့ဘူး”လို့ပြောပါတယ်။

ဒါ့အပြင် ကျောက်အရောင်းအဝယ်လုပ်သူတွေ၊အွန်လိုင်းကနေ ပညာလေ့လာနေတဲ့ကျောင်းသားတွေ၊အွန်လိုင်းစျေးသည်များအပါအဝင် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေပြီး သတင်းသိရှိဖို့လည်း ခက်ခဲသွားပြီဖြစ်တယ်လို့ ဖားကန့်ပြည်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

ဖားကန့်မြို့မှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းတဲ့နောက် ၇ လအကြာ ဩဂုတ်လကစပြီး  ဖုန်းအင်တာနက် Mobile Data နှင့် Wifi များ၊ ဖုန်းအော်ပရေတာလိုင်းအားလုံးပြတ်တောက်သွားတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်ပိုင် Mytel မိုဘိုင်းအင်တာနက်လိုင်း ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ကနေ ၁၅  ရက်နေ့ထိ ၁၀ ရက်သာဖုန်းလိုင်းဖွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက် ဖုန်းနဲ့အင်တာနက်လိုင်းတွေဟာ ဖားကန့်မြို့တွင်း၊မြို့ပြင် နေရာတစ်ချို့မှာသုံးလို့ရနေရာကနေ ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဖုန်း၊အင်တာနက်လိုင်း အားလုံးထပ်ပြီးပြတ်တောက်သွားပြီဖြစ်ပါတယ်။

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...