ဗန်းမော်မြို့နဲ့အနီးဆုံးနေရာတွေနဲ့ မိုးမောက် ခမရ ၄၃၇ မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲပြင်းထန်နေ

ဗန်းမော်မြို့နဲ့အနီးဆုံးနေရာတွေနဲ့ မိုးမောက် ခမရ ၄၃၇ မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲပြင်းထန်နေ

- ဗန်းမော်မြို့နဲ့အနီးဆုံးနေရာတွေနဲ့ မိုးမောက်မြို့ အခြေစိုက် ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

- ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာမှာ တစ်ပတ်လုံး ဖုန်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပေမဲ့ မြစ်ကြီးနားမြို့ အစိုးရရုံးနဲ့ MPT ရုံးအနီးတစ်ဝိုက်မှာတော့ ဖုန်းလိုင်းအနည်းငယ်ရတာကြောင့် ဒေသခံတွေသွားရောက်သုံးစွဲမှု များပြားနေတယ်လို့ သိရပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်နိုင်ပြီလို့ ကိုးကန့်တပ် MNDAA က ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာ အခြေအနေရှုပ်ထွေးနေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

https://youtu.be/GDUp7LXaSfc

July 13, 2026
- မြဝတီတောင်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)...
July 13, 2026
- ဘီလူးကျွန်းဒေသက လက်မှုလုပ်ငန်းတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုနီးပါးဖြစ်လာနေပြီလို့ ဒေသခံတွေက...
July 12, 2026
- ရခိုင်က မြို့နယ် ၈ ခုထက်မနည်းမှာ နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားနေပြီး...
July 11, 2026
- မော်လမြိုင်မြို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဒေသခံတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်...