အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီ လက်နက်တပ်ဆင်

အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီ လက်နက်တပ်ဆင်

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်စုရဲ့ အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီဘက်က လက်နက်တပ်ဆင်ပေးလိုက်တယ်လို့ စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြပါတယ်။

အာယုတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလင်းဦး ဦးဆောင်တဲ့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ကို ဇူလိုင် ၂၄ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ရေးတပ်နယ်မှာ လက်နက်တပ်ဆင်ပေးခဲ့တာပါ။

အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ဟာ ရေးဒေသဖြစ်တဲ့ အာယုတောင်၊ နှင်းစုံ၊ ချောင်းတောင်တံတားတဝိုက် လှုပ်ရှားတာဖြစ်သလို စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ငွေကြေးကောက်ခံတာတွေလည်း ရှိနေပါတယ်။

သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ အာယုတောင်ပြည်သူ့စစ်အဖွဲ့မှာ အင်အား ၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ အာယုတောင်ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီခိုင်းသမျှ လုပ်ဆောင်ပေးနေတဲ့အတွက် လက်နက်တပ်ဆင်ပေးတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ အာယုတောင်ပြည်သူ့စစ်အဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မကြာခဏဆိုသလို အပြန်အလှန်ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတာပါ။

အာဏာသိမ်းကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အာယုတောင်ပြည်သူ့ စစ်အဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးထားပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဟာ ဌာနေပြည်သူ့စစ်အဖွဲ့တွေကို လက် နက်တပ်ဆင်ပေးတာ၊ ရပ်ကွက်ကျေးရွာတိုင်းမှာ ပြည်သူ့စစ်အဖွဲ့တွေ မဖြစ်မနေဖွဲ့စည်းကြဖို့ ဖိအားပေးတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ-MOI
May 27, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၅ အတွက် လူငယ် ၂၀၀...
May 26, 2026
ပဲခူးတိုင်း မုန်းမြို့နယ်အခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်းပြီး...
May 25, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ရုတ်တရက် ဝင်ရောက်လာမှုနဲ့အတူ...
ဓာတ်ပုံ-CJ
May 23, 2026
မွန်ပြည်နယ်မှာ စိုက်ပျိုးရေး ကုန်ကျစရိတ် အဆမတန် ကြီးမြင့်လာမှုနဲ့အတူ အလုပ်သမား အခက်အခဲတွေကြောင့်...