မိုးကုတ်မြို့ကို အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီလို့ TNLA ထုတ်ပြန်ကြေညာ

မိုးကုတ်မြို့ကို အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီလို့ TNLA ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ကို  ဇူလိုင်လ ၂၄ ရက်နေ့ မှာ အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီဖြစ်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က   ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ တစ်လတင်းတင်းပြည့်တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ နေ့မှာပဲ   မိုးကုတ်မြို့အတွင်းမှာရှိနေတဲ့ စစ်ကောင်စီရဲ့တပ်စခန်းများကို သိမ်းပိုက်လိုက်နိုင်တာဖြစ်ကြောင်း TNLA က ဆိုပါတယ်။

တအာင်းတပ် TNLA  နဲ့ PDF တပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း မြို့ကိုသိမ်းပိုက်ရရှိပြီး  မြို့တွင်းသို့ စစ်ယာဉ်တန်းများဖြင့်ဝင်ရောက်လာတဲ့ Video Files များ၊ ဒေသခံများက အတီးအမှုတ်များဖြင့် ကြိုဆိုနေကြတဲ့  ရုပ်ပုံ၊ ဗီဒီယိုဖိုင်များကို မျှဝေဖော်ပြထားကြတာကိုလည်း တွေ့ရှိနေရပါတယ်။

မိုးကုတ်ဗျူဟာကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ လရ-၇၈၊ ၈၈ နှင့် ခလရ-၁၄၈ တို့ စခန်းချတာလည်းဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့  လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်  လက်နက်မျိုးစုံ (၇၃)လက်၊ 120 မမ  (၂)လက်၊ 60 မမ  (၁၁)လက်၊ 81 မမ  (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိူင်းဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျန်ဘာ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းခဲ့တယ်လို့ TNLA က ကြေညာပါတယ်။

တိုက်ပွဲကြောင့်  အရပ်သား (၃၁)  ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ  အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၈ ဦး နဲ့ ကလေး ၉ ဦးပါဝင်ပါတယ်။

ဒါ့အပြင် အရပ်သား  (၅၉) ဦီး ဒဏ်ရာရရှိခဲ့သလို  ဘုန်းကြီးကျောင်း (၄)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်ဆီးတာ ၊   လူနေအိမ် (၂၉) လုံး မီးလောင်ပျက်စီးခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

၁၀၂၇ ဒုတိယအပိုင်းအဖြစ် မိုးကုတ်မြို့ကို  ဒုတိယမြို့အဖြစ် TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး   မိုးကုတ်မြို့နဲ့ ၂၈ မိုင်ဝေးတဲ့   မိုးမိတ်မြို့က   စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်း  မိုးမိတ်ဗျူဟာကုန်းကို  စတင်တိုက်ခိုက်နေကြပြီဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

July 13, 2026
‘အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့’ မှ ခေါင်းဆောင် ကိုဝင်းဇော်အပါအဝင် ဒေသခံ...
July 10, 2026
ကချင်ပြည်၊ ဗန်းမော်မြို့မှ တိုက်ပွဲများကြောင့် ရွှေကူမြို့နယ်မှတစ်ဆင့် မန္တလေးမြို့သို့...
July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...