သံတွဲမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများနစ်မြုပ်နေ၍ စစ်ဘေးရှောင်ကူညီရေး ခက်ခဲနေ

သံတွဲမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများနစ်မြုပ်နေ၍ စစ်ဘေးရှောင်ကူညီရေး ခက်ခဲနေ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးဆက်တိုက်ရွာ သွန်းသောကြောင့် သံတွဲမြို့ ၊  ဒွါရာဝတီမြို့သစ် အပါအဝင် မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ချောင်းရေများဝင်လာပြီး ရေနစ်မြုပ်နေသဖြင့် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ရာတွင် အခက်အခဲကြုံနေရကြောင်း  ဒေသခံများက ပြောသည်။

ဇူလိုင် ၂၄ ရက်မှ စတင်ကာ ချောင်းရေများတက်လာပြီ ဇူလိုင် ၂၅ ရက်နေ့တွင် ဒွါရာဝတီမြို့သစ် ၊ သံတွဲမြို့ နံတော်ပြင်ပိုင်း၊ နတ်ပြင်ကျေးရွာ၊ ခြံပြင်ကျေးရွာ၊ လက်ပံစု၊ တော်ရော်တော ရွာဟောင်း တို့တွင် ချောင်းရေများနစ်မြုပ်နေပြီး ပြည်သူများသွားရေးလာရေး ခက်ခဲနေကြောင်း သိရသည်။

“ အခု လက်ရှိကတော့ လက်ပံစုနဲ့ ခြံပြင်ကြားမှာ ရေစီးတော်တော်သန်နေတာ ဖြတ်ကူးလို့မရဘူး၊ နောက် အံတော်ရွာထဲနဲ့ ဒွါရာဝတီမြို့သစ် မှာရေတက်တာမြန်တယ်။ အိမ်တချို့မြုပ်နိုင်တယ်။  စစ်ဖြစ်နေတဲ့ ကြားထဲရေပါကြီးနေတော့ တပူပေါ် တစ်ပူဆင့်ပေါ့ ခက်ခဲကြတယ်” ဟုဒေသခံတစ်ဦး မှပြောသည်။

ထိုသို့ချောင်းရေ တက်လာသဖြင့် ဒေသခံစစ်ရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာလှူဒါန်းရန် စီစဉ်ထားသောနေရာ အချို့ကို ချောင်းရေတက်လာသဖြင့်သွားလာ၍ မရတော့ကြောင်း စစ်ရှောင် ကူညီသူများထံမှသိရသည်။

“ မိုးဆက်တိုက်ရွာတာ ၃ရက်လောက်ရှိပြီ။ သံတွဲက ၄ နှစ်တခါရေကြီးတယ်။ ပျိုးခင်းတွေ ရေမြုပ်နေတယ်။ လယ်တချို့မြုပ်တယ်။ စစ်ရှောင်တွေသွားရေးလာရေးစားသောက်ရေးခက်ပါတယ်” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးကဆိုသည်။

သံတွဲချောင်းဖျားတောင်တန်းများတွင် မိုးကြီးနေသောကြောင့် သံတွဲမြို့ပတ်ဝန်ကျင်ရှိ ပြည့်ချောင်း၊ သံတွဲချောင်း၊ သူဌေးချောင်းတို့တွင် ချောင်းရေများလျှံတက်လာကာ ပင်လယ်တွင်လည်း ရေများ ပြည့်လျှံနေကြောင်းသိရသည်။

သံတွဲမြို့အား စစ်ကောင်စီမှ ဖုန်းလိုင်းများဖြတ်တောက်ထားပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်းများလုပ်ဆောင်လျက်ရှိရာပြည်သူတချို့ပျောက်ဆုံးကာ အဆက်အသွယ် ပြတ်တောက်လျက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...