တိုက်ပွဲကြောင့် လုပ်ငန်းခွင်မဝင်နိုင်သည့် ဝန်ထမ်းများလစာရပ်ဆိုင်းခံရ

တိုက်ပွဲကြောင့် လုပ်ငန်းခွင်မဝင်နိုင်သည့် ဝန်ထမ်းများလစာရပ်ဆိုင်းခံရ

တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ရုံးတက်ရန် ပျက်ကွက်နေသည့်  ဝန်ထမ်းများအားလုံးကို လစာများ ရပ်ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့မှ အမည်မဖော်လိုသူ ဝန်ထမ်း အမျိုးသမီးတစ်ဦးက  “ စစ်ဘေးရှောင်နေကြတဲ့ ဝန်ထမ်းတွေရော၊ ကျောင်းမလာတဲ့ပညာရေးဝန်ထမ်း၊ ဆေးရုံမရောက်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေလည်းပါတယ်။ ဝန်ထမ်းဟူသမျှ ဒီကာလမှာ တာဝန်ပျက်ကွက်တဲ့ ဝန်ထမ်းတွေ အားလုံးက CDM အဖြစ်သတ်မှတ်ခံထားရတယ်။ အဲသလိုကြားတယ်။ လစာတွေ ဘာတွေ မရဘူး” ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။

တောင်ကုတ်မြို့မှ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းအပါအဝင် တာဝန်ပျက်ကွက်သည့် ဝန်ထမ်းအားလုံးကို လစာများလည်းမပေးတော့ဟု သိရသည်။

တောင်ကုတ်မြို့နယ်အတွင်းမှ ပညာရေးဝန်ထမ်းများနှင့် အခြား စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအချို့သည်လည်း ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် လက်ရှိ ဒေသ အခြေအနေမတည်ငြိမ်မှုများကြောင့် စစ်ဘေးရှောင်နေကြရပြီး တာဝန်ပြန်လည် ထမ်းဆောင်ရန် လာရောက်နိုင်ခြင်းမရှိကြဘဲ ဖြစ်နေကြသည်ဟု သိရသည်။  

ယင်းသို့ တာဝန်ထမ်းဆောင်ရန်လာရောက်ခြင်းမရှိသူများကို ဇွန်လမှစတင်ကာ လစာ မပေးတော့ကြောင်း အဆိုပါဝန်ထမ်းများနှင့် နီးစပ်သူများက ပြောသည်။

ယင်းအပြင် တောင်ကုတ်မြို့တွင် ကျောင်းမတက်သည့် ဆရာနှင့်ဆရာမများအားလုံးကို ကျောင်းလာတက်ကြရန် မြို့နယ်ပညာရေးမှူးက ဖိအားပေးထားပြီး ပျက်ကွက်သူများကို ဖမ်းဝရမ်းထုတ်ရန်ကြားသိနေရသဖြင့် အခက်အခဲကြုံနေရသည်ဟု တောင်ကုတ်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ကျောင်းစမဖွင့်ခင်က တောင်ကုတ်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိတယ်။ တိုက်ပွဲဖြစ်တော့  ဆရာဆရာမတချို့နဲ့မြို့ခံတချို့ စစ်ဘေးရှောင်ကြတယ်။ ကျောင်းတွေ စဖွင့်တော့ ဆရာ/ဆရာမ အများစုက ကျောင်းမလာကြတော့ဘူး။ နောက်ထပ် တောင်ကုတ် တက္ကသိုလ်မှာ လက်နက်ကျတော့ ဘယ်ဝန်ထမ်းက အသက်အာမခံချက်မရှိဘဲ တာဝန် ထမ်းဆောင်မှာလဲ။ အခုကြားနေရတာက ကျောင်းတွေကိုလာဖို့ဖိအားပေးတာ။ မလာရင် လစာမရ။ တိုးတိုးတိတ်တိတ် ဖမ်းဝရမ်းထုတ်တယ်လို့ကြားတော့ စိတ်က မလုံခြုံတော့ဘူး” ဟုပြောသည်။

သို့သော်လည်း အဆိုပါ ဖမ်း၀ရမ်းထုတ်သည်ဆိုသော သတင်းအပေါ် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ပညာရေးမှူးဦးကျော်ထွန်းအောင်ကို နိရဥ္စရာက ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခဲ့ခြင်းမရှိပေ။

ရခိုင်ပြည်ရှိ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့်မြို့နယ်များရှိ စစ်ကောင်စီ ဝန်ထမ်း များကိုလည်း စစ်ကောင်စီက ဝန်ထမ်းအဖြစ်မှထုတ်ပယ်ပြီး လစာများလည်း မပေးတော့၍ စားဝတ်နေရေးကျပ်တည်းလျက်ရှိကြသည်ဟု သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...