ရခိုင်ကမ်းလွန် ရွှေဂတ်စ်စီမံကိန်း တိုးချဲ့လုပ်ပိုင်ခွင့် တရုတ်ကုမ္ပဏီရ

ရခိုင်ကမ်းလွန် ရွှေဂတ်စ်စီမံကိန်း တိုးချဲ့လုပ်ပိုင်ခွင့် တရုတ်ကုမ္ပဏီရ

ရခိုင်ကမ်းရိုးတန်းရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း (ရွှေဂတ်စ်) တိုးချဲ့လုပ်ငန်းကန်ထရိုက်ကို တရုတ်ကမ်းလွန်ရေနံ အင်ဂျင်နီယာကုမ္ပဏီ (COOEC) က ရရှိခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားကုမ္ပဏီ POSCO International က COOEC ကုမ္ပဏီကို ရခိုင်ကမ်းလွန်ရှိ A-1 လုပ်ကွက်မှာ အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိသော ကန်ထရိုက်လုပ်ငန်းများ လုပ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။

ရွှေဂတ်စ်စီမံကိန်းအော်ပရေတာ  POSCO နှင့် တရုတ်ကုမ္ပဏီ COOEC တို့ကြား စီမံကိန်းအဆင့် (၄) တူးဖော်ရန် လိုအပ်သော အင်ဂျင်နီယာ၊ ပစ္စည်းဝယ်ယူရေးနှင့် ဆောက်လုပ်ရေးစာချုပ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။

ဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းအတွက် တည်ဆောက်ရေးကာလကို ၃ နှစ်သတ်မှတ်ထားပြီး တရုတ်ကုမ္ပဏီသည် စီမံကိန်းဒီဇိုင်းရေးဆွဲခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်းအပြင် စာချုပ်ပါအထွေထွေလုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်သည်။  

၂၀၀၄ ခုနှစ်က ဘင်္ဂလားပင်လယ်အော်တွင် တွေ့ရှိခဲ့သော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် A-1 နှင့် A-3 လုပ်ကွက်များပါရှိပြီး A-1 မှာ ရွှေနှင့် ရွှေဖြူလုပ်ကွက်တို့ရှိကာ ထိုလုပ်ကွက်များအတွင်းမှ ဖွံ့ဖြိုးရေးတွင်း ၄ တွင်းစီ ၈ တွင်းကို POSCO စီးပွားဖြစ်တူးဖော်နေခြင်း ဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်မှထွက်ရှိသည့် ဓာတ်ငွေ့များကို CNPC တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်းထံ ၂၀၁၃ ခုနှစ်မှစတင်ကာ ပိုက်လိုင်းများဖြင့်ပို့လွှတ်ရောင်းချခဲ့ပြီး စာချုပ်အရ နေ့စဉ်ကုဗပေသန်း ၅၀၀ ကျော်ပို့လွှတ်နေကြောင်း သိရသည်။

ရွှေဂတ်စ်စီမံကိန်းကို တောင်ကိုရီးယားကုမ္ပဏီ POSCO က ၅၁ ရာခိုင်နှုန်း၊ တောင်ကိုရီးယားကုမ္ပဏီ KOGAS က ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က ၁၅ ရာခိုင်နှုန်းနှင့် အိန္ဒိယအခြေစိုက် ONGC နှင့် GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ရင်းနှီးမြှုပ်နှံထားကြသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...