သံတွဲတိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာ

သံတွဲတိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာ

ရခိုင်ပြည်၊ သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှုန်း တဖြည်းဖြည်းမြင့်တက်လာနေသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် စစ်ကောင်စီပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဘဲကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ ဦး သေဆုံးပြီး ဂျိတ္တောကျေးရွာမှ ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။

“အဲဒီနေ့က အဘဲတောင်ကြောမှာ တိုက်ပွဲဖြစ်ကြတယ်။ အဲဒီအချိန် စစ်ကောင်စီက ပင်လယ်ပြင်က လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်တဲ့နေရာရော၊ မဖြစ်တဲ့နေရာပါ အကုန်ရမ်းသမ်းပစ်တယ်။ ဒါကြောင့် အရပ်သားတွေ နေရာကိုကျပြီး သေဆုံးခဲ့ရတာ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှ စတင်ဖြစ်ပွားနေသော တိုက်ပွဲမှာ ၃ လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။

တိုက်ပွဲသုံးလတာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲမှုနှင့် မြေမြှုမိုင်းတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၁၆၀ နီးပါးရှိလာနေသည်ဟု DMG ၏ သုတေသနမှတ်တမ်းဌာန စာရင်းအရ သိရသည်။ (မှတ်ချက် - မြေပြင်အခြေအနေတွင် ယခုထက်ပေါ်များနိုင်သည်။)

“စစ်ရှုံးစစ်ကောင်စီက စစ်ပွဲကို စစ်ပွဲနဲ့တူအောင် မတိုက်တော့ဘူး။ အကုန်လုံးကို သိမ်းကျုံးပြီး မိုက်ဇတ်ခင်းနေတာဖြစ်တယ်။ ဒါကြောင့် အရပ်သားတွေမှာ အခြေခံလူ့အခွင့်အရေးတွေဆုံးရှုံးပြီး ထိခိုက်နစ်နာနေကြရတယ်” ဟု လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

ငပလီအခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားကာ သံတွဲမြို့ကိုလည်း ထိန်းချုပ်ထားသည်။ ကျန်ရှိနေသော စစ်ကောင်စီတပ်ရင်းများကို အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။

စစ်ကောင်စီဘက်ကလည်း စစ်ရေး၊ စီးပွားရေးအရ အရေးပါသော သံတွဲမြို့မကျရှုံးရေး စစ်အင်အား ထပ်မံဖြည့်တင်းကာ အကြိတ်အနယ် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...