တောင်ကုတ်မြို့ နေရာအနှံ့တွင် စစ်ကောင်စီ တပ်စွဲနေရာယူ

တောင်ကုတ်မြို့ နေရာအနှံ့တွင် စစ်ကောင်စီ တပ်စွဲနေရာယူ

စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တည်ရှိရာ ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီက မြို့တွင်းနေရာအနှံ့အပြားတွင် ခံစစ်အခိုင်အမာ ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီသည် တောင်ကုတ်မြို့အတွင်း လုံခြုံရေးတိုးမြှင့်ကာ အထပ်မြင့်အဆောက်အအုံ၊ ဘဏ်များတွင် နေရာယူထားကြောင်း ဒေသခံများက ပြောသည်။

“ AA ထိုးစစ်ကိုခုခံဖို့ ခံစစ်အခိုင်အမာ ပြင်ဆင်နေပုံရတယ်။ အထပ်မြင့်တိုက်တွေ၊ အဆောက်အအုံတွေမှာ စနိုက်ပါသမားတွေတောင် ရှိတယ်လို့ ကြားတယ်” ဟု တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့ လမ်းဆုံတိုင်းတွင် ကင်းစခန်းများ တိုးချဲ့ချထားသည့်အပြင် ထွေအုပ်ရုံး၊ ရဲစခန်း၊ ကိုင်းရှည်တံတား၊ မြို့နယ်ခန်းမ၊ လဝကရုံးအနီး၊ စိုက်ပျိုးရေးရုံး စသည့် အချက်အချာကျနေရာများတွင် စစ်ကောင်စီတပ်သားများ စခန်းချထားကြသည်။  

ယင်းအပြင် တောင်ကုတ်တက္ကသိုလ်၊ မြို့အနီး ပန်းမြောက်တောင်နှင့် တပ်ဦးကျောင်းတောင်၌လည်း တပ်စွဲထားပြီး၊ တောင်ကုတ်မြို့ပတ်ပတ်လည် နေရာအနှံ့တွင်  စစ်ကောင်စီက တပ်စွဲထားခြင်းဖြစ်သည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီ၏ စကခ (၅) အပြင် ခြေမြန်တပ်ရင်း ခမရ (၅၄၄) နှင့် ခမရ (၃၄၆) တို့ ရှိသည်။

တောင်ကုတ်ဌာနချုပ် စကခ (၅) အပါအဝင် စစ်တွေ(ဒကစ) ဌာနချုပ်၊ အမ်း နပခ ဌာနချုပ်၊ ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ် တို့အား ဖြတ်တောက်ပိတ်ဆို့ထားကြောင်း AA က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်ထားသည်။

တောင်ကုတ်မြို့ခံများမှာ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်လိုကြသော်လည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက အထုတ်အပိုးများဖြင့် ထွက်သွားခွင့်မပြုကြောင်း ဒေသခံများက ပြောသည်။

“မြို့အဝင်အထွက်ဂိတ်က နာရီပိုင်းလောက်ပဲ ဖွင့်တယ်။ သတ်သတ်မှတ်မှတ်လည်း မရှိဘူး။ ဖွင့်တဲ့အချိန်မှာဆိုရင် မြို့အဝင်က အဆင်ပြေတယ်။ အထွက်ကျတော့ အထုပ်အပိုးတွေနဲ့ ထွက်ခွင့်မပေးဘူး။ ဒီတိုင်းဘာမှမယူဘဲ ထွက်သွားလို့တော့ ရတယ်” ဟု တောင်ကုတ်မြို့ခံ တစ်ဦးက ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ကုတ်မြို့နယ်တွင် လူဦးရေစုစုပေါင်း ၁၁၄,၄၃၇ ဦးရှိပြီး ၂၅ ရာခိုင်နှုန်းမှာ မြို့ပြလူဦးရေဖြစ်သည်။ လက်ရှိမှာ တောင်ကုတ်မြို့အတွင်း၌ လူဦးရေထက်ဝက်ခန့် ရှိနေသေးကြောင်း သိရသည်။

နိုင်ငံရေးသမားတစ်ဦးက “တောင်ကုတ်မြို့က စီးပွားရေးအရ တော်တော်လေးအချက်အချာကျတဲ့ မြို့ဖြစ်တယ်။ စစ်ကောင်စီက တော်ရုံနဲ့ လက်လျော့မှာ မဟုတ်ဘူး” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ ဇွန်လအတွင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လတ်တလော တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...